News

WWDC24 မှာ ဘာတွေမိတ်ဆက်ခဲ့လဲ?

WWDC24 မှာ ဘာတွေမိတ်ဆက်ခဲ့လဲ?

Apple ရဲ့ WWDC2024 မှာ ဘာတွေမိတ်ဆက်ခဲ့လဲ မကြည့်လိုက်ရသူတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (မြန်မာပြည်မှာမရနိုင်တဲ့ Function တချို့ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။)

1. Apple ရဲ့ AI ဖြစ်တဲ့ Apple Intelligence ကိုတော့ iPhone 15 Pro နဲ့ iPhone 15 Pro Max အပြင် M1 Chip နဲ့ အထက်ကို အသုံးပြုထားတဲ့ iPad တွေ၊ Mac တွေမှာ အသုံးပြုနိုင်မှာပါ။

2. Apple ရဲ့ Product Line Up တွေအတွက် OS Update တွေကို မိတ်ဆက်သွားခဲ့ပြီး အများစိတ်ဝင်စားတဲ့ iOS 18 အပြင် iPad OS 18, macOS Sequoia, watchOS 11, tvOS 18 နဲ့ visionOS 2 တို့ကိုပါ ကြေညာသွားခဲ့ပါတယ်။

3. iOS 18 မှာ Siri ကို ChatGPT နဲ့ Integrate လုပ်ထားတာဖြစ်လို့ ChatGPT မှာ မေးမြန်းချင်တာတွေကို Siri ကတဆင့် တိုက်ရိုက်မေးမြန်းနိုင်မှာပါ။

4. Apple Intelligence အသုံးပြုနိုင်တဲ့ Device တွေမှာ Call Recording ပြုလုပ်နိုင်တော့မှာဖြစ်ပြီး Phone နဲ့ Note App တွေအတွက် Transcribe လုပ်တဲ့ Feature အပြင် Meeting Note တွေ လိုက်မှတ်နိုင်မယ့် Summarize Audio စနစ်တွေ ပါဝင်လာပါတယ်။

5. Battery ကို ဂရုစိုက်လွန်းတဲ့ User တွေအတွက် iPhone 15 Family တွေမှာ Battery Limit အသစ်တွေ သတ်မှတ်ပြီး အားသွင်းနိုင်တော့မှာပါ။

6. သူများနဲ့မတူတာကိုမှ အသုံးပြုချင်သူတွေအတွက် Genmoji လို့ခေါ်တဲ့ AI-generated Emoji လေးတွေလည်း ပြုလုပ်အသုံးပြုနိုင်ပါမယ်။

7. App Icon တွေကိုလည်း အရောင်ပြောင်းတာ၊ ကြီးတာ၊ သေးတာ၊ Widgets အဖြစ်ပြောင်းတာ စသဖြင့် Customization အစုံအလင် ပြုလုပ်နိုင်မယ့်အပြင် Face ID နဲ့ပါ Lock လုပ်နိုင်ဦးမှာပါ။

8. iPad မျိုးဆက်ရဲ့ ပထမဆုံး Calculator App ကိုတော့ iPadOS 18 မှာ တွေ့မြင်ရတော့မှာဖြစ်ပြီး iPhone Calculator မှာလည်း Delete Button ပါဝင်လာပါပြီ။

9. AirPods Pro အတွက်လည်း Head Gesture ပါဝင်လာပြီး ခေါင်းယမ်းလိုက်ရုံနဲ့ အသုံးပြုနိုင်မှာပါ။

10. EU ရဲ့ ဖိအားပေးမှုကြောင့် Apple အနေနဲ့ Google ရဲ့ RCS ကို လက်ခံလိုက်ရတာဖြစ်လို့ iOS 18 ရဲ့ iMessage မှာ Android တွေနဲ့ပါ အပြန်အလှန်ပေးပို့နိုင်တော့မှာပါ။

11. Photos App ကိုလည်း ကြီးကြီးမားမား ပြောင်းလဲပေးထားပြီး Feature အသစ်တွေလည်း ထည့်သွင်းထားပါတယ်။

12. ဒိတ်အောက်နေပြီဖြစ်တဲ့ Control Center ကိုလည်း ပိုမိုစုံလင်တဲ့ Function တွေနဲ့ အသစ်ပြောင်းလဲပေးထားပြီး iOS User တွေအနေနဲ့ အသားကျဖို့ အချိန်ယူရဦးမှာပဲဖြစ်ပါတယ်။

Reading next

MacBook ရွေးနည်း (၁၁)နည်း
Apple Device အချင်းချင်းသာ ပြုလုပ်နိုင်မယ့် Location Sharing