ကိုယ့်ရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် ချစ်ရသူနဲ့ သူငယ်ချင်းတွေ ဘယ်ရောက်နေလဲ သိချင်တာ၊ ကိုယ်ဘယ်ရောက်နေလဲ သိစေချင်တာ ဒီလိုအခြေအနေတွေမှာ Find My ကို အသုံးပြုလို့ရပါတယ်။
အရင်က Messenger ကနေ အလွယ်လေးပို့လို့ရတယ်ဆိုပေမဲ့ end-to-end encryption တွေ ဖြစ်သွားတဲ့နောက် အရင်လို အချိန်နဲ့အမျှ တည်နေရာပြသနိုင်မယ့် Live Location အနေနဲ့ ပို့လို့မရတော့ပါဘူး။
ဒါကြောင့် Location ကို Live ကြည့်ချင်တဲ့ iPhone User တွေအနေနဲ့ Find My မှာ Apple Device တွေကို ရှာသလိုပဲ ကိုယ့်ရဲ့ ချစ်သူ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဘယ်မှာရောက်နေတယ်ဆိုတာကို iPhone တွေကတဆင့် အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။
ဘယ်လိုကြည့်ရမလဲဆိုရင်တော့ -
Step 1 - အရင်ဆုံး Find My App ထဲကိုဝင်ပါ။
Step 2 - အောက်နားက Control bar မှာ People ဆိုတာလေးရွေးပေးပါ။
Step 3 - Start Sharing Location ဆိုတာကိုနှိပ်၊ ကိုယ်သိစေချင်တဲ့လူတွေကို ထည့်ပြီး ပို့ပေးလိုက်ပါ။
ဒီအဆင့်တွေ အားလုံးပြီးသွားရင်တော့ ကိုယ်ပို့ထားတဲ့လူက ကိုယ့်ရဲ့ Location ကို အချိန်နဲ့အမျှ မြင်နေရမှာပဲဖြစ်ပါတယ်။ ကိုယ် မ Share ချင်တော့ဘူးဆိုရင်လည်း ပြန်ပိတ်လိုက်ရုံပါပဲ။
အပေါ်မှာဖော်ပြထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။