Tips & Tricks

MacBook ရွေးနည်း (၁၁)နည်း

MacBook ရွေးနည်း (၁၁)နည်း

MacBook ‌ဝယ်ဖို့ စဉ်းစားနေသူတွေအတွက် ကိုယ်နဲ့ကိုက်ညီမယ့် MacBook ကို အလွယ်တကူရွေးချယ်နိုင်ဖို့ သတိထားဖတ်ရှုသင့်တဲ့ အချက်(၁၁)ချက်ကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ Performance နှိုင်းယှဥ်ခြင်း - Performance အကြောင်းပြောမယ်ဆိုရင်တော့ Apple ရဲ့ Silicon Chip တွေအကြောင်း မဖြစ်မနေပြောဖို့ လိုအပ်လာပါပြီ။ Apple ရဲ့ Silicon Chip တွေက M1, M2, M3, M4(iPad Pro မှာသာရရှိနိုင်သေး) အစရှိသဖြင့် နံပါတ်စဉ်ကြီးလေ ပိုမို Powerful ဖြစ်လေပါပဲ။ ဒီအထဲမှာမှ M1 Max, M3 Pro, M3 Max အစရှိတဲ့ Chip တွေနဲ့ ထွက်ရှိလာတဲ့ MacBook Pro တွေကတော့ Performance ပိုင်းကို လုံးဝအသားပေးဖို့လိုအပ်တဲ့ Professional တွေအတွက်ပဲဖြစ်ပါတယ်။ Performance အကောင်းဆုံး MacBook တွေကို ရွေးချယ်ချင်တယ်ဆိုရင်တော့ M1 Max အပါအဝင် M3, M3 Pro နဲ့ M3 Max တို့ကို အသုံးပြုပေးထားတဲ့ MacBook Pro Series တွေကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

၂။ သယ်ဆောင်ရလွယ်ကူခြင်း - သယ်ဆောင်ရအလွယ်ကူဆုံးကို ဦးစားပေးဝယ်ယူချင်တယ်ဆိုရင်တော့ ဝိတ်အပေါ့ဆုံး MacBook Air တွေက အသင့်တော်ဆုံးဖြစ်ပြီး မဖြစ်မနေ MacBook Pro ကိုမှ လိုအပ်တယ်ဆိုရင်တော့ 14-inch ကိုသာ ဦးစားပေးဝယ်ယူသင့်ပါတယ်။

၃။ Battery သက်တမ်းနှိုင်းယှဉ်ခြင်း - သာမန်အားဖြင့် MacBook Air တွေထက် MacBook Pro တွေက Battery ပိုခံလေ့ရှိပြီး နောက်ဆုံးထွက်ရှိထားတဲ့ MacBook Air (15-inch, M3) ကို (၁၈)နာရီသာ အသုံးပြုနိုင်တယ်ဆိုပေမဲ့ MacBook Pro (M3) ကိုတော့ (၂၂)နာရီအထိ အသုံးပြုနိုင်မှာပါ။

၄။ Display အရည်အသွေး - MacBook Air နဲ့ MacBook Pro တွေအားလုံးမှာ Brightness အားကောင်းတဲ့ Retina Display တွေကိုသာ အသုံးပြုထားတယ်ဆိုပေမဲ့ 120Hz ProMotion(Refresh Rate) ပါတဲ့ Display ကိုမှ အသုံးပြုချင်တယ်ဆိုရင်တော့ MacBook Pro တွေက စိတ်တိုင်းကျစေမှာပါ။

၅။ Storage ပမာဏ - ပေါ့ပေါ့ပါးပါး Office ပိုင်းနဲ့ Web Browsing ပြုလုပ်ရုံလောက်ပဲ အသုံးပြုမယ်ဆိုရင်တော့ Storage အတွက် သိပ်စိတ်ပူစရာမလိုအပ်ပါဘူး။ ဒါပေမဲ့ Photoshop နဲ့ Video Editing ပြုလုပ်လိုသူတွေအနေနဲ့ကတော့ Storage များတဲ့ 512GB နဲ့ 1TB တို့ကိုသာ ရွေးချယ်သင့်ပါတယ်။

၆။ RAM ပမာဏ - သာမန် User တွေအတွက် RAM 8GB က အတော်လေးအဆင်ပြေတယ်ဆိုပေမဲ့ Software တွေအများကြီးကို Multitasking ကောင်းကောင်းနဲ့ တပြိုင်နက်အသုံးပြုလိုသူတွေအတွက် RAM 8GB ကမလုံလောက်ဘဲ အဲ့ထက်များတဲ့ Version တွေကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမယ့် RAM ပမာဏကိုလည်း Customize Order ပြုလုပ်ပြီးမှာယူနိုင်ပါတယ်။

၇။ Graphic Performance - 3D Rendering နဲ့ Editing ပိုင်းအတွက် Heavy Load အသုံးပြုမယ်ဆိုရင်တော့ Graphic ပိုကောင်းပြီး Built-in Cooling Fan ပါဝင်တဲ့ M3 Pro နဲ့ M3 Max MacBook Pro တွေကသာ သက်သောင့်သက်သာရှိစေမှာပါ။

၈။ Connectivity - ချိတ်ဆက်မှုအတွက်ဆိုရင် MacBook Air တွေမှာက Pro တွေမှာလို SD Card Slot တွေ HDMI Ports တွေမပါဝင်တာဖြစ်လို့ MacBook Air User တွေအနေနဲ့တော့ USB-C Hub တမျိုးမျိုးနဲ့ တွဲဖက်အသုံးပြုမှသာ အဆင်ပြေပါလိမ့်မယ်။

၉။ ဒီဇိုင်းကွာခြားမှု - MacBook တွေရဲ့ Built-Quality ပိုင်းကိုတော့ Aluminum Alloy ပြုလုပ်ပေးထားပြီး စာအုပ်တစ်အုပ်လို ခပ်ပါးပါး Laptop မျိုးကို သဘောကျသူတွေအတွက်တော့ MacBook Air တွေက ကွက်တိဖြစ်ပါလိမ့်မယ်။

၁၀။ Keyboard နဲ့ Trackpad - MacBook ရဲ့ အရသာလို့ဆိုရမယ့် Keyboard နဲ့ Trackpad တွေကလည်း အရေးပါတဲ့ အရာတခုဖြစ်ပြီး ဒီနောက်ပိုင်း MacBook Model မှာတော့ တမျိုးနဲ့တမျိုး သိပ်မကွာလှပါဘူး။

၁၁။ Price To Value - ဘက်ဂျက်နည်းနည်းနဲ့ Performance ကောင်းကောင်းကိုရွေးချယ်ချင်ရင်တော့ MacBook Air တွေကိုရွေးချယ်သင့်ပြီး အထူးသဖြင့် MacBook Air(M1) ဟာဆိုရင် လက်ရှိပေးရတဲ့ဈေးနဲ့ အရမ်းကိုတန်နေတဲ့ Laptop တလုံးလို့ပြောရမှာပါ။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ သာမန် Web Browsing နဲ့ Office ပိုင်း လောက်သာအသုံးပြုမယ့် User တွေ၊ ဝါသနာရှင် Vlogger တွေ၊ ဒီဇိုင်းလှတာကိုမှ သုံးချင်သူတွေအတွက် MacBook Air တွေက အသင့်လျော်ဆုံးဖြစ်ပြီး Professionals တွေအနေနဲ့တော့ အကောင်းဆုံး Productivity ကို ရရှိနိုင်ဖို့ MacBook Pro ကိုသာ မဖြစ်မနေရွေးချယ်သင့်ပါတယ်။

ကိုယ်တိုင်ဆုံးဖြတ်ရခက်ခဲနေတာ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ကိုယ်နဲ့ကိုက်ညီမယ့် MacBook မျိုးကို ဝယ်ယူချင်တာဆိုရင်တော့ Xtra Support Desk ကို အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ XtraSure မှာ ရရှိနိုင်သော MacBook များ - https://xtrasure.store/collections/mac

Reading next

MacBook တွေကို Force Restart / Hard Restart ဘယ်လိုလုပ်မလဲ?
WWDC24 မှာ ဘာတွေမိတ်ဆက်ခဲ့လဲ?