Corporate Social Responsibility

“ကောင်းသောနေ့များဆီသို့” သည် XtraSure ၏ လူမှုအကျိုးပြု CSR အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် ပိုမိုကောင်းမွန်သော နေ့စဉ်လူနေမှုဘဝများ ဖော်ဆောင်ပေးရန် ရည်ရွယ်ပါသည်။ Apple Authorized Reseller အဖြစ် XtraSure သည် စစ်မှန်ပြီး အရည်အသွေးပြည့်ဝသော Apple ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကဏ္ဍများမှတစ်ဆင့် လူမှုအသိုက်အဝန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီလျက်ရှိပါသည်။

XtraSure ၏ North Star သည် ယုံကြည်စိတ်ချရမှုနှင့် လမ်းညွှန်မှုကို ကိုယ်စားပြုပြီး နည်းပညာမှတစ်ဆင့် အခွင့်အလမ်းများ ဖန်တီးကာ လူမှုအသိုက်အဝန်းများ ပိုမိုကောင်းမွန်သော နေ့ရက်များဆီသို့ လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ပါသည်။

ပညာရေး

ပညာရေး

ပံ့ပိုးမှုလိုအပ်သော ကလေးငယ်များနှင့် အခွင့်အလမ်းနည်းပါးသော လူမှုအသိုက်အဝန်းများအတွက် ပညာသင်ယူခွင့်နှင့် ဒစ်ဂျစ်တယ်အသိပညာများ ပိုမိုလက်လှမ်းမီစေရန် ပံ့ပိုးကူညီကာ လူတိုင်း အနာဂတ်ဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနိုင်စေရန် ရည်ရွယ်ပါသည်။

ကျန်းမာရေး

ကျန်းမာရေး

လူမှုအဖွဲ့အစည်းများအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သော ကျန်းမာရေးအထောက်အပံ့များ ပိုမိုရရှိနိုင်စေရန် ပံ့ပိုးကူညီကာ ပိုမိုကျန်းမာလုံခြုံသော လူမှုအသိုက်အဝန်းများ ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး

သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် လူမှုအသိုက်အဝန်းများနှင့်အတူ ရပ်တည်ကာ လိုအပ်သော အထောက်အပံ့များကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီ၍ ပိုမိုကောင်းမွန်သော နေ့ရက်များဆီသို့ လျှောက်လှမ်းနိုင်ရန် ရည်ရွယ်ပါသည်။

CSR Programs

“ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အမြင်အာရုံ မသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေးခြင်းဖြင့် အခွင့်အလမ်းများဖွင့်လှစ်

“ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အမြင်အာရုံ မသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေးခြင်းဖြင့် အခွင့်အလမ်းများဖွင့်လှစ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure သည် ၎င်း၏ “ကောင်းသောနေ့များဆီသို့” လူမှုအကျိုးပြု CSR အစီအစဉ်၏ ပထမခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ...

View Post
ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ် a Sure Company မှ ဝန်ထမ်းများအား ရာသီတုပ်ကွေး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့

ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ် a Sure Company မှ ဝန်ထမ်းများအား ရာသီတုပ်ကွေး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့

a Sure Company အနေဖြင့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူမှုစီးပွားရေးဘဝများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပြီး Sure Foundation ကို ထူထောင်ခဲ့ကာ ပထမဆုံးခြေလှမ်းအနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ဝန်ထမ်းများအတွက် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၄ ရက်...

View Post