Personalize Your Everyday Tech

Sure Benefits Points ဖြင့်Laser Engraving၀န်ဆောင်မှု ရယူခြင်း

သင်၏ Sure Benefits App ထဲမှ စုဆောင်းထားသော Shopping Points များကို အသုံးပြု၍ Phone Case, Power Bank, AirPods, Chako Lab Products များပေါ်တွင် ကိုယ်ပိုင်အမည်နှင့် လိုဂိုများကို အလွယ်တကူ ထွင်းထုနိုင်ပါပြီ။

အဓိက ဝန်ဆောင်မှုပေးသော ထုတ်ကုန်များ

Sure Benefits Points ဖြင့် လဲလှယ်ရယူ၍ Engrave လုပ်နိုင်မည့် ပစ္စည်းအမျိုးအစားများ

Phone Case

Phone Case

Hard Case နှင့် Leather Cover များပေါ်တွင် အမည်နှင့် စာသား ထွင်းထုခြင်း။

Power Bank

Power Bank

ကော်ပိုရိတ် လက်ဆောင်များနှင့် ကိုယ်ပိုင် အသုံးပြုရန်အတွက် အမည်နှင့် စာသား ထွင်းထုခြင်း။

AirPods

AirPods

AirPods ပေါ်တွင် အမည်နှင့် စာသား များကို တိုက်ရိုက် လေဆာ ထွင်းထုခြင်း။

Chako Lab

Chako Lab

အားကစားနှင့် ခရီးသွားသုံး သတ္တုရေဘူးများပေါ်တွင် တာရှည်ခံ ထွင်းထု အလှဆင်ခြင်း။

Sure Benefits App မှ Point ဖြင့် မှာယူလုပ်ဆောင်ပုံ အဆင့်ဆင့်

Step 1
Step 1

Sure Benefits App ထဲသို့ ဝင်ရောက်ပြီး "Rewards Menu" မှ Laser Engraving Service အောက်ရှိ ကြိုက်နှစ်သက်ရာ " Service" ကို ရွေးချယ်ပါ။

Step 2
Step 2

မိမိ Engrave ပြုလုပ်လိုသည့် Product အမျိုးအစား၊ စာသားနှင့် Font Design များကို ရွေးချယ်ပါ။ (Product Material ပေါ်မူတည်သည့်အတွက် App ထဲတွင် ဖော်ပြထားသော Products များသာ Engraving အတွက် သင့်တော်သည်)

Step 3
Step 3

ရွေးချယ်ထားသော အချက်အလက်များနှင့် Terms & Conditions များကို သေချာစွာ ဖတ်ရှု စစ်ဆေးပြီး "Confirm Order" ကို နှိပ်၍ အတည်ပြုပေးပါ။

Step 4
Step 4

ဆိုင်တွင် ရှိသော QR Code ကို Scan ဖတ်ပါ။

Step 5
Step 5

ရွေးချယ်ထားသော ပစ္စည်း၏ Order Detail နှင့် Engraving အချက်အလက်များ ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။

Step 1
Step 2
Step 3
Step 4
Step 5

စည်းကမ်းနှင့် သတ်မှတ်ချက်များ

Engraving Product List မှာ ပါဝင်တဲ့ Phone Cover T&C (Terms & Conditions)

XtraSure ၏ Laser Engraving ဝန်ဆောင်မှုကို ရယူပြီး Phone Case များကို မိမိတို့စိတ်ကြိုက် စာလုံးပုံစံများဖြင့် အလှဆင် ဝယ်ယူအားပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ Engraving လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် ရလဒ်ကောင်းများ ရရှိစေရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ဖတ်ရှုသဘောတူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ -

  1. SureBenefit Point 500 နှင့် Redeem ပြုလုပ်၍ Engraving Service ပြုလုပ်နိုင်ပါသည်
  2. Engraving မပြုလုပ်မီ Customer ထံသို့ Sure Benefits App မှတစ်ဆင့် စာလုံးနမူနာ ဒီဇိုင်းပုံစံ (Digital Mockup) ကို အရင်ပြသပေးပါမည်။ 
  3. Customer ဘက်မှ ဖောင့် (Font) နှင့် စာလုံးပေါင်းများကို သေချာစွာ စစ်ဆေးပြီး အတည်ပြု (Approve) ပေးရပါမည်။ 
  4. တစ်ကြိမ် အတည်ပြုပြီး၍ စက်ဖြင့် ထွင်းထုခြင်းလုပ်ငန်းစဉ် စတင်ပါက စာလုံးဒီဇိုင်း ပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် Point ပြန်လည်ထည့်သွင်းပေးခြင်းများ လုံးဝ ပြုလုပ်ပေးမည် မဟုတ်ပါ။ 
  5. Engraving စက်သည် Laser ဖြင့် ထွင်းထုသော စက်ဖြစ်သည့်အတွက် ရောင်စုံ (Colorful) ပေါ်မည်မဟုတ်ဘဲ အောက်ခံ Material အသားပေါ်တွင် မူတည်၍ အနက်/အဖြူ/မီးခိုး/အညို စသည့် အရောင်များသာ ပေါ်နိုင်သည်ကို Customer အနေဖြင့် သိရှိလက်ခံပေးရပါမည်။ 
  6. Engraving Service ပြုလုပ်ပါက Phone Case ၏ မူလရှိပြီးသား Warranty များ ပျက်ပြယ်မည်ကို Customer ဘက်မှ နားလည်လက်ခံရပါမည်။ 
  7. Engraving ပြုလုပ်မည့် နေရာကို Application တွင် တသတ်မတ်တည်း ဖော်ပြပေးထားပြီး Customer စိတ်ကြိုက် နေရာ ပြင်ဆင်၍ မရနိုင်ပါ။ 
  8. Phone Case ပုံသဏ္ဌာန်နှင့် စက်အတွင်း ထည့်သွင်းချိန်ညှိမှု လိုအပ်ချက်အရ ဒီဇိုင်းပြကွက်သည် မူလ Mockup ထက် ၁ မီလီမီတာမှ ၂ မီလီမီတာခန့် အနည်းငယ် ရွေ့လျားမှု ရှိနိုင်ပါသည်။ 
  9. Material ၏ သဘာဝအရ ထွင်းထုလိုက်သည့်အခါ ထွက်လာသော အရောင်အမှိန်၊ အဖျော့နှင့် အနက်မှာ Sample ပုံစံနှင့် အနည်းငယ် ကွဲပြားနိုင်သည်ကို လက်ခံရပါမည်။ 
  10. Laser Engraving သည် အပြီးအပိုင် (Permanent) ထွင်းထုခြင်းဖြစ်သဖြင့် ပြန်လည်ပြင်ဆင်၍ မရနိုင်ပါ။ 
  11. စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ဆိုင်ဘက်မှ အမှားအယွင်းကြောင့် Phone Case တွင် ကြီးကြီးမားမား ပျက်စီးသွားပြီး ပြန်လည်သုံးစွဲ၍ မရသော အခြေအနေမျိုးမှသာ လျှင် ပစ္စည်းအသစ် (သို့မဟုတ်) တန်ဖိုးတူဖြင့် အစားထိုး လဲလှယ်ပေးပါမည်။ 
  12. တရားဥပဒေနှင့် မလွတ်ကင်းသော၊ ယဉ်ကျေးမှုနှင့် မလျော်ညီသော စာသားများ သို့မဟုတ် မူပိုင်ခွင့် ချိုးဖောက်ထားသော စာသားများကို ထွင်းထုပေးရန် ဆိုင်ဘက်မှ ငြင်းပယ်ပိုင်ခွင့် ရှိပါသည်။ 
  13. ဒီဇိုင်း အတည်ပြုပြီးနောက် Engraving Service ပြုလုပ်ပြီး Customer လက်ဝယ်သို့ ရောက်ရှိနိုင်မည့် ကြာမြင့်ချိန်များမှာ နေရာဒေသပေါ်မူတည်၍ XtraSure WZYT Branch တွင် ကိုယ်တိုင်လာရောက် ပြုလုပ်ပါက: ကြာမြင့်ချိန် ၁ နာရီအတွင်း ရရှိပါမည်။ရန်ကုန်မြို့အတွင်းရှိ အခြား XtraSure / iSure Branches များတွင် အပ်နှံပါက: ကြာမြင့်ချိန် ၃ ရက်ခန့် ကြာမြင့်ပါမည်။ မန္တလေးမြို့ရှိ XtraSure / iSure Branches များတွင် အပ်နှံပါက: ကြာမြင့်ချိန် ၇ ရက်ခန့် ကြာမြင့်ပါမည်။ မှတ်ချက် ဆိုင်တွင် အပ်နှံပြီး အိမ်တိုင်ရာရောက် ပြန်လည်လက်ခံလိုပါက ပို့ဆောင်ခ (Delivery Charges) ကို Customer ဘက်မှ ကျခံပေးရမည် ဖြစ်ပါသည်။ 

Engraving Product List တွင် ပါဝင်သော Power Bank Terms & Conditions (Terms & Conditions)

XtraSure ၏ Laser Engraving ဝန်ဆောင်မှုကို ရယူပြီး Power Bank များကို မိမိတို့စိတ်ကြိုက် စာလုံးပုံစံများဖြင့် အလှဆင် ဝယ်ယူအားပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ Engraving လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် ရလဒ်ကောင်းများ ရရှိစေရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ဖတ်ရှုသဘောတူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

  1. Sure Benefits Point 500 ဖြင့် Redeem ပြုလုပ်၍ Engraving Service ကို ရယူနိုင်ပါသည်။
  2. Engraving မပြုလုပ်မီ Customer ထံသို့ Sure Benefits App မှတစ်ဆင့် စာလုံးနမူနာ ဒီဇိုင်းပုံစံ (Digital Mockup) ကို အရင်ပြသပေးပါမည်။ 
  3. Customer ဘက်မှ ဖောင့် (Font) နှင့် စာလုံးပေါင်းများကို သေချာစွာ စစ်ဆေးပြီး အတည်ပြု (Approve) ပေးရပါမည်။
  4. တစ်ကြိမ် အတည်ပြုပြီး၍ စက်ဖြင့် ထွင်းထုခြင်းလုပ်ငန်းစဉ် စတင်ပြီးပါက စာလုံးဒီဇိုင်း ပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် Point ပြန်လည်ထည့်သွင်းပေးခြင်းများ လုံးဝ ပြုလုပ်ပေးမည် မဟုတ်ပါ။ 
  5. Engraving စက်သည် Laser ဖြင့် ထွင်းထုသော စက်ဖြစ်သည့်အတွက် ရောင်စုံ (Colorful) ပေါ်မည်မဟုတ်ဘဲ အောက်ခံ Material အသားပေါ်တွင် မူတည်၍ အနက်/အဖြူ/မီးခိုး/အညို စသည့် အရောင်များသာ ပေါ်နိုင်သည်ကို Customer အနေဖြင့် သိရှိလက်ခံပေးရပါမည်။ 
  6. Power Bank ၏ မူလရှိပြီးသား Warranty များ မပျက်ပြယ်စေရန်အတွက် Engraving ပြုလုပ်မည့် နေရာကို Application တွင် တသတ်မတ်တည်း ဖော်ပြပေးထားပြီး Customer စိတ်ကြိုက် နေရာ ပြင်ဆင်၍ မရနိုင်ပါ။ 
  7. Power Bank ပုံသဏ္ဌာန်နှင့် စက်အတွင်း ထည့်သွင်းချိန်ညှိမှု လိုအပ်ချက်အရ ဒီဇိုင်းပြကွက်သည် မူလ Mockup ထက် ၁ မီလီမီတာမှ ၂ မီလီမီတာခန့် အနည်းငယ် ရွေ့လျားမှု ရှိနိုင်ပါသည်။ 
  8. Material ၏ သဘာဝအရ ထွင်းထုလိုက်သည့်အခါ ထွက်လာသော အရောင်အမှိန်၊ အဖျော့နှင့် အနက်မှာ Sample ပုံစံနှင့် အနည်းငယ် ကွဲပြားနိုင်သည်ကို လက်ခံရပါမည်။ 
  9. Laser Engraving သည် အပြီးအပိုင် (Permanent) ထွင်းထုခြင်းဖြစ်သဖြင့် ပြန်လည်ပြင်ဆင််၍ မရနိုင်ပါ။ 
  10. စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ဆိုင်ဘက်မှ အမှားအယွင်းကြောင့် Power Bank တွင် ကြီးကြီးမားမား ပျက်စီးသွားပြီး ပြန်လည်သုံးစွဲ၍ မရသော အခြေအနေမျိုးမှသာလျှင် ပစ္စည်းအသစ် (သို့မဟုတ်) တန်ဖိုးတူဖြင့် အစားထိုး လဲလှယ်ပေးပါမည်။ 
  11. တရားဥပဒေနှင့် မလွတ်ကင်းသော၊ ယဉ်ကျေးမှုနှင့် မလျော်ညီသော စာသားများ သို့မဟုတ် မူပိုင်ခွင့် ချိုးဖောက်ထားသော စာသားများကို ထွင်းထုပေးရန် ဆိုင်ဘက်မှ ငြင်းပယ်ပိုင်ခွင့် ရှိပါသည်။ 
  12. ဒီဇိုင်း အတည်ပြုပြီးနောက် Engraving Service ပြုလုပ်ပြီး Customer လက်ဝယ်သို့ ရောက်ရှိနိုင်မည့် ကြာမြင့်ချိန်များမှာ နေရာဒေသပေါ်မူတည်၍

    XtraSure WZYT Branch တွင် ကိုယ်တိုင်လာရောက် ပြုလုပ်ပါက: ကြာမြင့်ချိန် ၁ နာရီအတွင်း ရရှိပါမည်။ 
    ရန်ကုန်မြို့အတွင်းရှိ အခြား XtraSure / iSure Branches များတွင် အပ်နှံပါက: ကြာမြင့်ချိန် ၃ ရက်ခန့် ကြာမြင့်ပါမည်။ 
    မန္တလေးမြို့ရှိ XtraSure / iSure Branches များတွင် အပ်နှံပါက: ကြာမြင့်ချိန် ၇ ရက်ခန့် ကြာမြင့်ပါမည် 

မှတ်ချက် ဆိုင်တွင် အပ်နှံပြီး အိမ်တိုင်ရာရောက် ပြန်လည်လက်ခံလိုပါက ပို့ဆောင်ခ (Delivery Charges) ကို Customer ဘက်မှ ကျခံပေးရမည် ဖြစ်ပါသည်။

Engraving Product List မှာ ပါဝင်တဲ့ AirPods T&C (Terms & Conditions)

XtraSure ၏ Laser Engraving ဝန်ဆောင်မှုကို ရယူပြီး AirPods များကို မိမိတို့စိတ်ကြိုက် Customized စာလုံးလေးများဖြင့် အလှဆင် ဝယ်ယူ အားပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ Engraving လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် ရလဒ်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အောက်ပါစည်းကမ်းချက်များကို ဖတ်ရှုသဘောတူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -

  1. SureBenefit Point 5000 နှင့် Redeem ပြုလုပ်၍ Engraving Service ပြုလုပ်နိုင်ပါသည်
  2. Engraving မပြုလုပ်မီ Customer ထံသို့ SureBenefit App မှ စာလုံးနမူနာဒီဇိုင်းပုံစံ (Digital Mockup) ကို အရင်ပြသပေးပါမည်။
  3. Customer ဘက်မှ ဖောင့် (Font)၊ စာလုံးပေါင်း၊ ကို သေချာစစ်ဆေးပြီးအတည်ပြု (Approve) ပေးရပါမည်။
  4. တစ်ကြိမ် အတည်ပြုပြီး၍ စက်ဖြင့် ထွင်းထုခြင်းလုပ်ငန်းစဉ် စတင်ပြီးပါက စာလုံးဒီဇိုင်းပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် Point ပြန်လည်ထည့် သွင်း ပေးခြင်း လုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။
  5. Engraving စက်သည် Laser နှင့် ထွင်းထုသော စက်သာဖြစ်ပါသဖြင့် Colorful ဖြစ်နေမှာ မဟုတ်ပဲ အောက်ခံ Material အသားပေါ်တွင် သာ မူတည်၍ အနက် /အဖြူ./မီးခိုး/အညို စသည့် စာလုံးအရောင်များသာ ပေါ်နိုင်သည်ကို Customer အနေဖြင့် သိရှိ လက်ခံ ပေးရပါမည်။
  6. Engraving Service ကြောင့် Airpods ၏မူလ ရှိပြီးသားဖြစ်သော Warranty များ ပျက်ပြယ် သွားမည်မဟုတ်ပါ (XtraSure မှ ဝယ်ယူထားသော Customer များသာ )
  7. Engraving ပြုလုပ်မည့် နေရာကို Application တွင် တသတ်မတ်တည်း ဖော်ပြပေးထားပြီး Customer စိတ်ကြိုက် နေရာ ပြင်ဆင်၍ မရနိုင်ပါ။
  8. Airpods ပုံသဏ္ဌာန်နှင့် စက်ထဲထည့်သွင်းချိန်ညှိမှု လိုအပ်ချက်အရ ဒီဇိုင်းပြကွက်သည် မူလ Mockup ထက် ၁မီလီမီတာမှ၂မီလီမီတာခန့် အနည်းငယ် ရွေ့လျားမှု ရှိနိုင်ပါသည်။
  9. Material ၏ သဘာဝအရ ထွင်းထုလိုက်သည့်အခါ ထွက်လာသော အရောင် အမှိန် အဖျော့ နှင့်အနက်မှာ Sample ပုံစံနှင့် အနည်းငယ် ကွဲပြားနိုင်သည်ကို လက်ခံရမည်။
  10. Laser Engraving သည် အပြီးအပိုင် (Permanent) ဖြစ်ပြီး ပြန်ဖျက်၍ မရပါ။
  11. စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ဆိုင်ဘက်မှ အမှားအယွင်းကြောင့် Airpods တွင် ကြီးကြီးမားမား ပျက်စီးသွား၍ ပြန်လည်သုံးစွဲ၍ မရသော အခြေနေမှ သာလျှင်အသစ် (သို့မဟုတ်) တန်ဖိုးတူဖြင့် အစားထိုးလဲလှယ်ပေးပါမည်။
  12. တရားဉပဒေနှင့် မလွတ်ကင်းသော၊ ယဉ်ကျေးမှုနှင့် မလျော်ညီသော စာသားများ သို့မဟုတ် မူပိုင်ခွင့် ချိုးဖောက်ထားသော စာသားများအား ထွင်းထုပေးရန် ဆိုင်ဘက်မှ ငြင်းပယ်ပိုင်ခွင့် ရှိသည်
  13. ဒီဇိုင်းအတည်ပြုပြီးနောက် Engraving Service ပြုလုပ်ပြီး Customer လက်ထဲ သို့အရောက် နေရာ ဒေသ ပေါ်မူတည်၍
  • XtraSure WZYT Branch တွင်ကိုယ်တိုင်လာရောက်၍ Engraving ပြုလုပ်ပါ က ကြာမြင့်ချိန်၁နာရီအတွင်း ရရှိပါမည်
  • Yangon အတွင်းရှိ XtraSure / iSure Other Branches များတွင် အပ်နှံ၍ Engraving Serviceပြုလုပ်ပါက ကြာမြင့်ချိန် ၃ရက်
  • Mandaly XtraSure /iSure Branches များတွင် အပ်နှံ၍ Engraving Serviceပြုလုပ်ပါက ကြာမြင့်ချိန် ၁၀ ရက် ခန့်ကြာမြင့်ပါမည်

မှတ်ချက် ဆိုင်တွင်အပ်နှံပြီး အိမ်တိုင်ရာရောက် ပြန်လည် လက်ခံရရှိလိုပါကဆိုင်မှ Customer အိမ်တိုင်ရာရောက် Delivery နှင့် ပြန်လည် အပ်နှံပို့ဆောင်ပေးရသော Delivery Charges ကို Customer ဘက်မှ ကျခံပေးရမည် ဖြစ်ပါသည်

Engraving Product List မှာ ပါဝင်တဲ့ Chako Lab အားလုံး တွင်သုံးမည့် Terms & Conditions

XtraSure ၏ Laser Engraving ဝန်ဆောင်မှုကို ရယူပြီး Chako Lab Product  လေးများကို မိမိတို့စိတ်ကြိုက် Customized စာလုံးလေးများဖြင့် အလှဆင် ဝယ်ယူ အားပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ Engraving လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် ရလဒ်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အောက်ပါစည်းကမ်းချက်များကို ဖတ်ရှုသဘောတူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -

  1. SureBenefit 1 Point နှင့် Redeem ပြုလုပ်၍ Engraving Service ပြုလုပ်နိုင်ပါသည်
  2. ထွင်းထုလိုက်သော စာသား ၏ အရောင်သည် ရွေးချယ်၍ မရဘဲ Stainless Steel ၏ မူလအောက်ခံ အရောင်နှင့် အညိုရင့် (သို့ )အနက်ရောင် (Dark Brown / Black) အသွင်ဖြင့်သာ ထင်ကျန်ရစ်ပါမည်။
  3. ထွင်းထုပြီးထွက်လာမည့် အရောင် သည် သတ္တု၏ သဘာဝဓာတ်ပြုမှုအပေါ်တွင်သာ မူတည်သဖြင့် အခြားအရောင်များ ပြောင်းလဲပေးရန် တောင်းဆို၍မရနိုင်ပါ။
  4. Engraving မပြုလုပ်မီ Customer ထံသို့ SureBenefit App မှ စာလုံးနမူနာဒီဇိုင်းပုံစံ (Digital Mockup) ကို အရင်ပြသပေးပါမည်။
  5. Customer ဘက်မှ ဖောင့် (Font)၊ စာလုံးပေါင်း၊ ကို သေချာစစ်ဆေးပြီးအတည်ပြု (Approve) ပေးရပါမည်။
  6. တစ်ကြိမ် အတည်ပြုပြီး၍ စက်ဖြင့် ထွင်းထုခြင်းလုပ်ငန်းစဉ် စတင်ပြီးပါက စာလုံးဒီဇိုင်းပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် Point ပြန်လည်ထည့် သွင်း ပေးခြင်း လုံးဝပြုလုပ်ပေးမည်မဟုတ်ပါ။
  7. Chako Lab ဘူးသည် လက်ကိုင်ပါဝင်သော ပုံစံဖြစ်သောကြောင့် စက်၏ လည်ပတ်မှု (Rotary Axis) အကန့်အသတ်ရှိနိုင်ပါသည်။ ထို့ကြောင့် Engraving ပြုလုပ်မည့် နေရာကို Application တွင် တသတ်မတ်တည်း ဖော်ပြပေးထားပြီး Customer စိတ်ကြိုက် နေရာ ပြင်ဆင်၍ မရနိုင်ပါ
  8. ဘူးပုံသဏ္ဌာန်နှင့် စက်ထဲထည့်သွင်းချိန်ညှိမှု လိုအပ်ချက်အရ ဒီဇိုင်းပြကွက်သည် မူလ Mockup ထက် ၁မီလီမီတာမှ၂မီလီမီတာခန့် အနည်းငယ် ရွေ့လျားမှု ရှိနိုင်ပါသည်။
  9. Material ၏ သဘာဝအရ ထွင်းထုလိုက်သည့်အခါ ထွက်လာသော အရောင် အမှိန် အဖျော့ နှင့်အနက်မှာ Sample ပုံစံနှင့် အနည်းငယ် ကွဲပြားနိုင်သည်ကို လက်ခံရမည်။
  10. Laser Engraving သည် အပြီးအပိုင် (Permanent) ဖြစ်ပြီး ပြန်ပြင်ဆင်၍ မရနိုင်ပါ။
  11. စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် ဆိုင်ဘက်မှ အမှားအယွင်းကြောင့် ဘူးတွင် ကြီးကြီးမားမား ပျက်စီးသွား၍ ပြန်လည်သုံးစွဲ၍ မရသော အခြေနေမှ သာလျှင်ဘူးအသစ် (သို့မဟုတ်) တန်ဖိုးတူဘူးဖြင့် အစားထိုးလဲလှယ်ပေးပါမည်။
  12. တရားဉပဒေနှင့် မလွတ်ကင်းသော၊ ယဉ်ကျေးမှုနှင့် မလျော်ညီသော စာသားများ သို့မဟုတ် မူပိုင်ခွင့် ချိုးဖောက်ထားသော စာသားများအား ထွင်းထုပေးရန် ဆိုင်ဘက်မှ ငြင်းပယ်ပိုင်ခွင့် ရှိသည်
  13. ဒီဇိုင်းအတည်ပြုပြီးနောက် Engraving Service ပြုလုပ်ပြီး Customer လက်ထဲ သို့အရောက် နေရာ ဒေသ ပေါ်မူတည်၍

  • XtraSure WZYT Branch တွင်ကိုယ်တိုင်လာရောက်၍ Engraving ပြုလုပ်ပါ က ကြာမြင့်ချိန်၁နာရီအတွင်း ရရှိပါမည်
  • Yangon အတွင်းရှိ XtraSure / iSure Other Branches များတွင် အပ်နှံ၍ Engraving Serviceပြုလုပ်ပါက ကြာမြင့်ချိန် ၃ရက်
  • Mandaly XtraSure /iSure Branches များတွင် အပ်နှံ၍ Engraving Serviceပြုလုပ်ပါက ကြာမြင့်ချိန် ၇ ရက် ခန့်ကြာမြင့်ပါမည်

မှတ်ချက် ဆိုင်တွင်အပ်နှံပြီး အိမ်တိုင်ရာရောက် ပြန်လည် လက်ခံရရှိလိုပါကဆိုင်မှ Customer အိမ်တိုင်ရာရောက် Delivery နှင့် ပြန်လည် အပ်နှံပို့ဆောင်ပေးရသော Delivery Charges ကို Customer ဘက်မှ ကျခံပေးရမည် ဖြစ်ပါသည်

We Know You Will Ask.

Sure Benefits Mobile App မှတစ်ဆင့် မိမိစုဆောင်းထားသော Member Points များကို အသုံးပြု၍ လွယ်ကူစွာ လဲလှယ်/ပေးချေပြီး ဝန်ဆောင်မှု ရယူနိုင်ပါသည်။

AirPods၊ Phone Case၊ Power Bank၊ Chako Lab Products စသည့် ပစ္စည်းများပေါ်တွင် မိမိတို့ စိတ်ကြိုက် အမည်၊ စာလုံးများကို ထွင်းထုနိုင်ပါသည်။

ရွေးချယ်၍ မရပါ၊၊ Laser Engraving သည် မင်စက် (Ink) ဖြင့် ပုံနှိပ်ခြင်း မဟုတ်ဘဲ လေဆာဖြင့် အချောကိုင် ထွင်းထုခြင်းဖြစ်သောကြောင့် ထွက်ပေါ်လာမည့် အရောင်မှာ ပစ္စည်း၏ အောက်ခံ Material အသား (ဥပမာ - Stainless Steel သတ္တုရောင် သို့မဟုတ် မူလအောက်ခံအရောင်) ပေါ်တွင်သာ မူတည်ပါသည်။

ရပါသည်၊၊ စက်ဖြင့် မထွင်းမီ မိမိ၏ Sure Benefits App မှတစ်ဆင့် စာလုံးနမူနာ ဒီဇိုင်းပုံစံ (Digital Mockup) ကို ပြသပေးမည်ဖြစ်ပြီး Customer ဘက်မှ ဖောင့် (Font) နှင့် စာလုံးပေါင်း အတည်ပြု (Approve) ပေးပြီးမှသာ စက်ဖြင့် စတင်ထွင်းထုပေးမည် ဖြစ်ပါသည်။

မရပါ၊၊ စာလုံးဒီဇိုင်းကို တစ်ကြိမ် အတည်ပြုပြီး စက်ဖြင့် ထွင်းထုခြင်း စတင်ပြီးပါက ဒီဇိုင်း ပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် သုံးစွဲထားသော Point များကို ပြန်လည်ထည့်သွင်းပေးခြင်းများ လုံးဝ ပြုလုပ်ပေးမည် မဟုတ်ပါ။

ပစ္စည်း အမျိုးအစားပေါ် မူတည်ပါသည်။

  • AirPods နှင့် Power Bank များအတွက်: မူလ Warranty ပျက်ပြယ်သွားခြင်း မရှိပါ။ (Power Bank တွင် Warranty မပျက်ပြယ်စေရန် Engraving ပြုလုပ်မည့် နေရာကို App တွင် သတ်မှတ်ထားသည့်အတိုင်းသာ ထွင်းထုပေးပါသည်)
  • Phone Case များအတွက်: မူလ Warranty ပျက်ပြယ်မည် ဖြစ်ပါသည်။

အော်ဒါအပ်နှံသည့် နေရာပေါ် မူတည်၍ ကြာမြင့်ချိန် ကွဲပြားပါသည် -

  1. XtraSure WZYT Branch တွင် ကိုယ်တိုင်လာရောက်ပါက: ၁ နာရီအတွင်း ရရှိပါမည်။
  2. ရန်ကုန်မြို့အတွင်းရှိ အခြား Branches များတွင် အပ်နှံပါက: ၃ ရက်ခန့် ကြာမြင့်ပါမည်။
  3. မန္တလေးမြို့ရှိ Branches များတွင် အပ်နှံပါက: ၇ ရက်ခန့် ကြာမြင့်ပါမည်။