iPhone
MacBook
ပိုမိုပြည့်စုံတဲ့ အာမခံစနစ်နဲ့
XTRAGUARD
XtraSure နှင့် iSure မှာ ဝယ်ယူထားသည့် iPhone များကို စိုးရိမ်ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ဖို့ XtraGuard လေးကို စတင် ထည့်သွင်းထားပါပြီ။
What is
XTRAGUARD?
ကြိုမသိနိုင်သောမတော်တဆထိခိုက်မှုများအတွက်
- ဝယ်ယူသည့်နေ့မှစ၍ (၁)နှစ်အတွင်း iPhone 15 Family Screen Damage ကွဲကြေမှုများအတွက် MMK 99,000 ပေးရုံနှင့် နှုန်းထားသက်သာစွာ ပြုပြင်နိုင်မည့် အခွင့်အရေး(၁)ကြိမ်။
- ဝယ်ယူသည့်နေ့မှစ၍ (၁)နှစ်အတွင်း iPhone 15 Family Back Glass ကွဲကြေမှုများအတွက် MMK 99,000 ပေးရုံနှင့်
နှုန်းထားသက်သာစွာ ပြုပြင်နိုင်မည့် အခွင့်အရေး(၁)ကြိမ်။
- ဝယ်ယူသည့်နေ့မှစ၍ (၁)နှစ်အတွင်း အခြားသော User Fault, အခြားသော ထိခိုက်ပျက်စီးမှုများအတွက် MMK 990,000 ပေးရုံနဲ့
iPhone 15 Family အတွက် Apple ရဲ့ Whole Unit Replacement ရယူနိုင်မည့် အခွင့်အရေး။
- ဝယ်ယူသည့်နေ့မှစ၍ (၂)နှစ်အတွင်း မိမိသုံးစွဲမှုကြောင့် Battery Health 80% ထက် လျော့နည်းသွားပါက အခမဲ့လဲလှယ်ခွင့် (၁)ကြိမ်။ (iPhone 15 Family, iPhone 14 & iPhone 13)
Choose your device
iPhone 15 Family
iPhone 13 & 14 Family
Battery Replacement
Free
Normally Up to 300,000 MMK Save 100%
We Know You Will Ask.
ဘယ် iPhone Model တွေမှာ XtraGuard ပါဝင်ပါသလဲ?
XtraSure နဲ့ iSure ကနေ ဝယ်ယူတဲ့ iPhone 15, iPhone 15 Plus, iPhone 15 Pro နဲ့ iPhone 15 Pro Max တွေမှာ XtraGuard ဝန်ဆောင်မှုအားလုံးကို ရရှိနိုင်မှာဖြစ်ပြီး ကျန်တဲ့ iPhone 13 နဲ့ iPhone 14 တွေမှာတော့ XtraGuard ရဲ့ Free Battery Replacement ဝန်ဆောင်မှုကို ရရှိနိုင်မှာပါ။
ပြန်လဲပေးမယ့် ပစ္စည်းတွေက Original လား?
XtraGuard မှာပါဝင်တဲ့ ပြုပြင်မှုတွေကို Apple Authorized Service Provider က ဆောင်ရွက်ပေးမှာဖြစ်လို့ Apple Original Genuine Parts ဖြစ်ကြောင်း 100% စိတ်ချရပါတယ်။
XtraGuard ပါတဲ့ iPhone 13 နဲ့ iPhone 14 တွေ ကျကွဲရင်ရော မှန်ပြန်လဲပေးလား?
iPhone 13 နဲ့ iPhone 14 တွေမှာတော့ XtraGuard ရဲ့ Free Battery Replacement ဝန်ဆောင်မှုကိုသာ ရရှိနိုင်မှာဖြစ်ပြီး အခြား User Fault Warranty တွေကိုတော့ ခံစားခွင့်မရှိပါဘူး။
XtraGuard ရဲ့ သက်တမ်းက ဘယ်လောက်လဲ?
XtraGuard အာမခံစနစ်ကို ဖုန်းဝယ်တဲ့နေ့မှစလို့ အချိန်(၁)နှစ်အထိ သတ်မှတ်ပေးထားပါတယ်။
(၁)နှစ်ကျော်သွားတဲ့အခါ XtraGuard မှာပါတဲ့ အာမခံဝန်ဆောင်မှုတွေ ရရှိနိုင်ဦးမှာလား?
(၁)နှစ်ကျော်သွားတဲ့အခါ XtraGuard မှာပါတဲ့ 2 Year Battery Extended Warranty သာ ရရှိနိုင်မှာဖြစ်ပြီး အခြား Repair ဝန်ဆောင်မှုတွေတော့ ရရှိနိုင်တော့မည်မဟုတ်ပါ။
Free Battery Replacement က(၂)နှစ်အတွင်း ကြိုက်တဲ့အချိန်လာလဲလို့ရတာလား?
(၂)နှစ်အတွင်း Battery Health 80% အောက် ကျဆင်းသွားမှသာ Free Battery Replacement ပြုလုပ်နိုင်မှာပါ။
ပစ္စည်းပြန်ပြင်ရင် Processing time ဘယ်လောက်စောင့်ရမှာလဲ?
Processing time က Apple Authorized Service Provider (AASP) ရဲ့ Parts Availability ပေါ်မှာ မူတည်ပါတယ်။
ဖုန်းကို ရည်ရွယ်ချက်ရှိရှိ ရိုက်ခွဲပစ်လိုက်ရင်ရော Whole Unit Replacement ရမှာလား?
ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတဲ့ အခြေအနေဆိုရင် Apple က ငြင်းပယ်နိုင်ပါတယ်။ ဒါပေမဲ့ Apple Authorized Service Provider (AASP) ရဲ့ စစ်ဆေးမှုသည်သာ အတည်ဖြစ်ပါတယ်။
ရေထဲပြုတ်ကျသွားရင်ကော ပြုပြင်လို့ ရနိုင်လား?
ရေထဲပြုတ်ကျသွားတဲ့ iPhone တွေအနေနဲ့ MMK 990,000 ကျပ်တည်းဖြင့် Whole Unit Replacement ပြုလုပ်နိုင်ပါသည်။
Factory Fault ပါတာ ဒါမှမဟုတ် ရေဝင်ထားလို့ တခြားနေရာမှာ စက်ဖွင့်ပြင်ထားရင်ကော XtraGuard ရနိုင်သေးလား?
Factory Fault တွေအတွက် Apple Official Warranty ရရှိနိုင်မှာဖြစ်ပြီး တခြားနေရာမှာ စက်ဖွင့်ပြင်ထားတဲ့ Device တွေအနေနဲ့တော့ XtraGuard ဝန်ဆောင်မှုတွေ မရရှိနိုင်တော့ပါဘူး။ ခြွင်းချက်အနေနဲ့ Apple Authorized Service မှာ ပြုပြင်ထားတဲ့ Device တွေအနေနဲ့တော့ အာမခံရရှိနိုင်ပါတယ်။
Terms & Conditions
iPhone 15 Family
iPhone 13 & 14 Family
- XtraGuard အစီအစဉ်သည် iPhone 15 Family ဝယ်ယူသော Apple Official Warranty (1) Year အတွင်း ဖြစ်ပေါ်သော မတော်တဆထိခိုက်မှုများဖြစ်သည့် ရှေ့မှန် (သို့) နောက်မှန်ကွဲခြင်းများအတွက် အထူးအစီအစဉ်အနေဖြင့် Customer များ ခံစားခွင့်ရရှိနိုင်သော အကျိုးခံစားခွင့်များ ဖြစ်ပါသည်။
- ဝယ်ယူပြီး (၂)နှစ်အတွင်း Battery 80% အောက် ရောက်ရှိပါက Battery Replacement တစ်ကြိမ် အခမဲ့ ခံစားခွင့်ရှိပါသည်။
- ဝယ်ယူပြီး (၁)နှစ်အတွင်း မတော်တဆထိခိုက်မှုများဖြစ်သည့် ရှေ့မှန် (သို့) နောက်မှန်ကွဲခြင်း ဖြစ်ပါက MMK 99,000 ဖြင့် Replacement ပြုလုပ်ခွင့် တစ်ကြိမ် ရရှိပါမည်။
- စက်ဖွင့်ပြင်ဆင်ထားခြင်း၊ ရေဝင်ထားခြင်းရှိ/မရှိအား Apple Authorized Service Provider(AASP) မှ စစ်ဆေးသွားမည်ဖြစ်ပါသည်။
- ရှေ့မှန် (သို့) နောက်မှန်ကွဲခြင်းမှလွဲ၍ အခြားသော မတော်တဆ ထိခိုက်မှုများနှင့် ရေဝင်ထားသော Device များအား MMK 990,000 ဖြင့် Whole Unit Replacement Service သာ ပြုနိုင်မည်ဖြစ်ပါသည်။
- Display နှင့် Black Glass တပြိုင်တည်း ကွဲအက်ခြင်းဖြစ်ပေါ်ပါက MMK 990,000 ဖြင့် Whole Unit Replacement Service ပြုလုပ်နိုင်ပါသည်။
- ဖုန်းအား ကိုယ်တိုင်ဖျက်ဆီးထားသည့် အခြေအနေမျိုးတွင် Whole Unit Replacement ရရှိနိုင်မည်မဟုတ်ပါ။ ထိုအခြေအနေအား Apple Authorized Service Provider(AASP) က စစ်ဆေးသွားမည်ဖြစ်ပြီး ၎င်း၏ ဆုံးဖြတ်ချက်သည်သာလျှင် အတည်ဖြစ်ပါသည်။
- AASP တွင်လဲလှယ်ပေးမည့် အစိတ်အပိုင်းမှာ Screen Display (LCD) နှင့် Back Glass ထိခိုက်ကွဲအက်မှုများ ကြောင့် လဲလှယ်ဖို့လိုအပ်လာလျှင် Apple Official Warranty မပျက်ယွင်းသည့် ဝန်ဆောင်မှုအားရရှိပါမည်။
- XtraGuard အစီအစဉ်သည် 25-April-2024 မှ စတင်အသက်ဝင်မည်ဖြစ်သောကြောင့် iPhon 15 Family ဝယ်ယူသည့်အခါ ဝယ်ယူသည့်နေ့မှ စတင်ပြီး ၁နှစ်အတွင်း (Battery Replacement အတွက် ၂နှစ်) XtraGuard အစီအစဉ်အား ခံစားခွင့်ရရှိပါမည်။
- XtraGuard အစီအစဉ်အား iSure, XtraSure နှင့် Website တွင် ဝယ်ယူသော Customer များ ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။
- XtraGuard အစီအစဉ် ခံစားခွင့်ရယူမည်ဆိုပါက ဝယ်ယူထားသည့် Invoice ကို ပြသမှသာ ခံစားခွင့်ရှိပါမည်။
- အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာ တွေ့ရှိခဲ့ပါက Xtrasure Management Team ၏ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
- iPhone 13 နှင့် iPhone 14 Family ဝယ်ယူပါက ဝယ်ယူပြီး (၂)နှစ်အတွင်း Battery 80% အောက် ရောက်ရှိပါက Battery Replacement တစ်ကြိမ်သာလျှင် အခမဲ့ ခံစားခွင့်ရှိမည်ဖြစ်သည်။
- XtraGuard အစီအစဉ်သည် 25-Apr-2024 မှ စတင်အသက်ဝင်မည်ဖြစ်သောကြောင့် iPhon 13 နှင့် 14 Family များ ဝယ်ယူသည့်အခါ ဝယ်ယူသည့်နေ့မှစ၍ (၂)နှစ်အတွင်း Battery Replacement တမျိုးတည်းအတွက်သာလျှင် XtraGuard အစီအစဉ်အား ခံစားခွင့်ရရှိပါမည်။
- XtraGuard အစီအစဉ်အား iSure, XtraSure နှင့် Website တွင် ဝယ်ယူသော Customer များ ခံစားခွင့်ရရှိမည် ဖြစ်ပါသည်။
- XtraGuard အစီအစဉ် ခံစားခွင့်ရယူမည်ဆိုပါက ဝယ်ယူထားသည့် Invoice ကို ပြသမှသာ ခံစားခွင့်ရှိပါမည်။
- အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာ တွေ့ရှိခဲ့ပါက Xtrasure Management Team ၏ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။
Additional Support
What is Xtra Support Desk?
Xtra Support Desk များတွင် XtraSure နှင့် iSure မှ ဝယ်ယူထားသော Apple Device များ, Apple Branded Accessories များနှင့် ပတ်သတ်သော Error များကို ဖြေရှင်းနိုင်ရန်နှင့် Apple Device Warranty နှင့် ပတ်သတ်သော အကူအညီများကို ရယူနိုင်ပါသည်။
Get your favorite MacBook!
XtraGuard
is now extended to MacBook.