News

Public Beta Install ပြုလုပ်နည်း

Public Beta Install ပြုလုပ်နည်း
2023 September မှာ iPhone တွေအတွက် အသစ်ထွက်လာတော့မယ့် iOS 17 ကို စောင့်ရတာ စိတ်မရှည်ဘူးဆိုရင်တော့ iOS 17 ရဲ့ အမိုက်စား Feature တွေကို Public Beta အနေနဲ့ စမ်းသုံးကြည့်လို့ရနေပြီနော်။
iOS 17 Public Beta ကိုတော့ iPhone XS/XR နဲ့အထက် Model တွေမှာ Install ပြုလုပ်နိုင်မှာဖြစ်ပြီး အောက်ပါအဆင့်လေးတွေအတိုင်း Install လုပ်ကြည့်နိုင်ပါတယ်။
အရင်ဆုံး ဒီလင့်ခ် (https://beta.apple.com/sp/betaprogram) ထဲကိုဝင်၊ ကိုယ့်ရဲ့ Apple ID နဲ့ Sign In ဝင်ပြီး Enroll လုပ်ပေးထားပါ။
လင့်ခ်ထဲက iOS 17 Public Beta Program မှာ Enroll လုပ်ပြီးထားပြီဆိုရင်တော့ iPhone ရဲ့ Settings ထဲကနေ Update လုပ်လို့ရပါပြီ။
Settings ရဲ့ General ထဲက Software Update ကို ဖွင့်ကြည့်လိုက်ရင် Beta Updates ဆိုတာလေးကိုတွေ့ပါလိမ့်မယ်။
Beta Updates ထဲက iOS 17 Public Beta ကို ရွေးပြီးတာနဲ့ Download & Install လုပ်လိုက်ရုံပါပဲ။
Beta Version ဆိုတဲ့အတိုင်း Error တွေ ပါလာတတ်လို့ Update မတင်ခင် အရင်ဆုံး ကိုယ့်ရဲ့ Data တွေကို တခြား Device တခုခုထဲမှာ Backup လုပ်ထားဖို့တော့လိုမယ်နော်။

Reading next

iPhone Camera မှာ ဘာလို့ Megapixel အပြည့်မရတာလဲ?
ဂရုစိုက်မှုတွေပေးမယ့် AI Health App