Tips & Tricks

iPhone Camera မှာ ဘာလို့ Megapixel အပြည့်မရတာလဲ?

iPhone Camera မှာ ဘာလို့ Megapixel အပြည့်မရတာလဲ?
iPhone User တွေ တော်တော်များများ ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ iPhone Camera နဲ့ ဓါတ်ပုံတွေရိုက်တဲ့အခါ အပြင်မှာ ကြော်ငြာထားသလို MegaPixel အပြည့်မရတာပါပဲ။
အထူးသဖြင့် iPhone 14 Pro နဲ့ iPhone 14 Pro Max တွေမှာဆိုရင် 48MP ပါတယ်ဆိုပေမဲ့ 36MP နဲ့ပဲ ရိုက်လို့ရတာမျိုးတွေ ဖြစ်နေတဲ့အခါ မိမိဖုန်းက Error တက်နေတာလား၊ Factory Error များလား စိုးရိမ်တတ်ကြပါတယ်။
ဒီလိုမျိုး MegaPixel လျော့နေရခြင်း အကြောင်းအရင်းကတော့ ဓါတ်ပုံရိုက်တဲ့အခါ အသုံးပြုတဲ့ Photo Ratio ကြောင့်ပဲဖြစ်ပါတယ်။
ဖုန်းကင်မရာတွေရဲ့ MegaPixel ကို 4:3 Ratio ပေါ်မှာ အခြေခံတွက်ချက်ထားတာဖြစ်လို့ Full Screen ဖြစ်ဖို့ 16:9 နဲ့ ပြောင်းရိုက်တဲ့အခါ မလိုအပ်တဲ့ ဘေးဘက်အခြမ်းတွေကို Crop လိုက်ရပါတယ်။
ဒီလို Process တွေကြောင့် 48MP ရှိတဲ့ ကင်မရာကို Full Screen View နဲ့ရိုက်လိုက်တဲ့အခါ 36MP အထိ လျော့သွားရတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ရိုက်တဲ့ Photo တွေ Quality မလျော့စေဖို့ Photo Ratio ကို 4:3 နဲ့ပဲ ထားရိုက်ကြဖို့ အကြံပေးချင်ပါတယ်။
Front Camera တွေကိုလည်း အလားတူ Process တွေနဲ့ပဲ ဖန်တီးထားတာဖြစ်လို့ 12MP အပြည့်နဲ့ Selfie ရိုက်ချင်တယ်ဆိုရင် Wide ကိုဖွင့်ပေးထားဖို့လိုမယ်နော်။

Reading next

Public Beta Install ပြုလုပ်နည်း