News

ဂရုစိုက်မှုတွေပေးမယ့် AI Health App

ဂရုစိုက်မှုတွေပေးမယ့် AI Health App
ယနေ့ခေတ်မှာ AI နည်းပညာကို အသုံးပြုတာတွေ တွင်ကျယ်လာတာနဲ့အမျှ Mobile Apps တွေရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း တဟုန်ထိုးတိုးတက်နေပါပြီ။
iPhone နဲ့ iPad တွေဆိုရင်လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်မှုတွေပေးနိုင်တဲ့ AI Apps တွေရှိနေပြီမို့လို့ ခေတ်နောက်မကျဘဲ စမ်းကြည့်ရအောင် အကောင်းဆုံး AI Health App (၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ AI အခြေပြု စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေနဲ့အတူ ဝိတ်ကျဖို့ နေထိုင်ပြုမူရမယ့် ပုံစံတွေကိုပါ ညွှန်ပြပေးနိုင်တဲ့ Noom.
၂။ ဆရာဝန်တစ်ယောက်လို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ AI နစ်သုံး Smart Healthcare App တစ်ခုဖြစ်တဲ့ Babylon.
၃။ ဒီပရက်ရှင်ဝင်တာ၊ anxiety ဖြစ်တာ၊ စားမဝင်တာအပြင် အရက်နဲ့မူးယစ်ဆေးတွေ စွဲလမ်းနေတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို CBT ကုထုံးနဲ့ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်လို ကုသပေးနိုင်တဲ့ Youper.
၄။ Fitness နဲ့ Body Building ကို ပိုပြီးဂရုစိုက်ချင်သူတွေအတွက် AI အခြေပြု Learning Video တွေ၊ Audio တွေ Aaptiv.
၅။ အအိပ်လွန်တာနဲ့ အိပ်ချိန်နည်းလို့ အားပျက်တာမျိုး မဖြစ်ရလေအောင် AI စနစ်နဲ့ အိပ်စက်ချိန်တွေကို ဂရုစိုက်ပေးမယ့် Sleep Cycle.
၆။ ကျန်းမာရေးအတွက် နှလုံးခုန်နှုန်းတွေကို တိုင်းတာပေးမယ့်အပြင် သွေးပေါင်ချိန်နဲ့ စိတ်ဖိစီးမှုတွေကိုပါ တိုင်းတာပေးနိုင်တဲ့ Heartify.
၇။ ကျန်းမာရေးနဲ့ပတ်သက်သမျှကို မေးမြန်းနိုင်ဖို့ AI စနစ်ကိုအသုံးပြုပြီး သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ HealthTap.
၈။ ကိုယ့်ရဲ့ကျန်းမာရေးအတွက် လိုအပ်တဲ့တိုင်းတာမှုတွေနဲ့အတူ ဂရုစိုက်မှုတွေပေးနိုင်မယ့် AI Apps လေး တစ်ခုဖြစ်တဲ့ Healthily.

Reading next

Public Beta Install ပြုလုပ်နည်း
iOS 17 Stand By Mode