Optimized Battery Charging ဆိုတဲ့ Feature က iOS 13 မှာ စတင်ပါဝင်လာတာဖြစ်ပြီး iPhone ကို အားသွင်းတဲ့အခါ Battery ပမာဏကို 80% အထိ Limited လုပ်လိုက်တာဖြစ်ပြီး 80% ကျော်သွားတဲ့အခါ ဖုန်း Battery မထိခိုက်စေဖို့ အားဝင်နှုန်းကို လျှော့ချပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ iPhone အသစ်တွေမှာ ဒီ Feature က Default အနေနဲ့ ON ထားပြီးသားဖြစ်လို့ ကိုယ့်ဖုန်းအသစ်က ဘယ်လောက်အားသွင်းသွင်း 80% အထက်ကို တက်မလာတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
ကောင်းကျိုး - ဖုန်း Battery ကို 80% အထိ ကန့်သတ်လိုက်ခြင်းအားဖြင့် ဖုန်း Battery သက်တမ်းကို Long Term အတွက် ပိုပြီးအဆင်ပြေစေမယ့်အပြင် iPhone User တွေ Serious ဖြစ်တတ်ကြတဲ့ Battery Health ကျခြင်းကိုလည်း အတိုင်းအတာတခုထိ နှေးကွေးသွားစေနိုင်ပါတယ်။
ဆိုးကျိုး - ဖုန်း Battery ကို 80% အထိသာ လက်ခံခိုင်းထားတာဖြစ်လို့ တနေကုန်အပြင်ထွက်ရတဲ့အခါ၊ ဖုန်းကိုသာမန်ထက် ပိုကြာကြာသုံးဖို့ လိုအပ်လာတဲ့အခါ Battery မလုံလောက်တဲ့ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် User တွေအနေနဲ့ Battery Health ကိုပိုပြီး ဂရုစိုက်ချင်ရင်တော့ Optimized Battery Charging ကို ON ထားသင့်ပြီး ဖုန်းအားအမြဲပြည့်နေမှ စိတ်တိုင်းကျရင်တော့ OFF ထားပြီး အသုံးပြုသင့်ပါတယ်။