News

AYA SimplePay Installment Plan

AYA SimplePay Installment Plan
AYA Credit Card ဖြင့် လစဥ်အရစ်ကျပေးချေစနစ်ဖြစ်တဲ့ SimplePay Installment Plan သုံးမျိုးရှိပါတယ် ၊ (၆)လ၊ (၉)လ နှင့် (၁၂)လ တို့ဖြစ်ပါတယ်။
အနည်းဆုံး ငွေကျပ် (၁သိန်းခွဲ) မှ စတင်အသုံးပြုရမည်ဖြစ်ပြီး ကိုယ်ရွေးချယ်လိုက်တဲ့ Instalment Plan အလိုက် တစ်လလျှင် အတိုးနှုန်း ၁% ဖြင့် သာကျသင့်မှာဖြစ်ပါတယ်။ လစဥ်ကျသင့်သည့် သင့် credit card statement ကို လစဥ်ရှင်းတမ်းများတွင် ဖော်ပြထားမည်ဖြစ်ပြီး လစဥ်သတ်မှတ်ရက်မတိုင်ခင်ပေးဆပ်ရမှာဖြစ်ပါတယ်။
How to apply SimplePay Plan?
  • Credit card ဖြင့်ဝယ်ယူပြီး အရစ်ကျ စနစ်ဖြင့်ပြန်လည်ပေးသွင်းမည်ဆိုပါက AYA SimplePay phone No. 09 458588953/ 09 450215345 သို့ ရုံးဖွင့်ရက် (၉) နာရီ မှ (၅) နာရီ အတွင်းဆက်သွယ် အကြောင်းကြားဖို့လိုအပ်ပါတယ်။ ဝယ်ယူမှုကို SimplePay သို့ ပြောင်းလိုပါက Credit Card စာရင်းရှင်းတမ်း မထွက်မှီ အသိပေးရန်လိုပါတယ်။
  • Online မှတဆင့်လျှောက်ထားမည်ဆိုပါက https://simplepay.ayabank.com/ 
How to Apply Credit Card?

နီးစပ်ရာ AYA Bank များတွင် လိုအပ်သောအချက်အလက်များ ယူဆောင်ပြီးလူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

Requirements for Credit Cards
Credit Card လျှောက်ထားမည်ဆိုပါက -

ကုမ္ပဏီဝန်ထမ်းများအတွက်
  • Credit Card Form
  • မှတ်ပုံတင် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာ
  • လွန်ခဲ့သော (၃) လစာ Salary Pay Slip
  • (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
  • ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်
  • Credit Card Form
  • မှတ်ပုံတင် မိတ္တူ
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • (၆) လအတွင်းရိုက်ကူးထားသော Passport ဓာတ်ပုံ (၂) ပုံ
  • ဘဏ်စာရင်းရှင်းတမ်း
  • လုပ်ငန်းရှုံး/မြတ်စာရင်း
  • ထောက်ခံမည့်သူ (၂) ဦး၏ မှတ်ပုံတင် မိတ္တူ/လက်မှတ်

အခြားဝင်ငွေအထောက်အထားများရှိပါက ဖော်ပြနိုင်ပါသည်။ (အထက်ပါလိုအပ်ချက်များမှာ AYA Bank ၏ လိုအပ်ချက်အတိုင်းသာဖြစ်ပါသည်၊ ပြောင်းလဲမှုများလည်းရှိနိုင်ပါသည်။)

Reading next

The Central Boulevard မှာ အသစ်ဖွင့်လှစ်တော့မယ့် XtraSure ရဲ့ ဒုတိယမြောက်ဆိုင်ခွဲ
Optimized Battery Charging ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ