Tips & Tricks

MacBook တွေကို Force Restart / Hard Restart ဘယ်လိုလုပ်မလဲ?

MacBook တွေကို Force Restart / Hard Restart ဘယ်လိုလုပ်မလဲ?

MacBook တွေမှာ ဖြစ်တောင့်ဖြစ်ခဲဆိုပေမဲ့ တခြားကွန်ပျူတာတွေလို Freeze ဖြစ်တာ / Hang တာ / ဘာမှနှိပ်လို့မရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ရိုးရိုး Restart လုပ်လို့မရဘဲ Force Restart / Hard Restart လုပ်မှသာ အဆင်ပြေနိုင်မှာပါ။ ဒါပေမဲ့ Force Restart ပြုလုပ်ခြင်းကို နောက်ဆုံး ဘယ်လိုနည်းလမ်းနဲ့မှ အဆင်မပြေတော့တဲ့အခါမှသာ အသုံးပြုဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ Force Restart ပြုလုပ်ခြင်းအားဖြင့် လုပ်လက်စ data တွေ ပျက်စေနိုင်သလို လုပ်လက်စ file တွေကိုပါ ထိခိုက်စေနိုင်လို့ပါပဲ။ (*files တွေ ပျက်လည်းအရေးမကြီးဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး။)

ပုံမှန် Restart လုပ်တဲ့အခါ ဘယ်ဘက်အပေါ်ထောင့်က Apple menu ကိုနှိပ်ပြီး Restart ကိုရွေးလိုက်ရုံနဲ့ အဆင်ပြေပေမဲ့ MacBook က Freeze ဖြစ်နေတဲ့အခါ ဒီနည်းလမ်းက အလုပ်မဖြစ်ပါဘူး။ MacBook ကို Freeze ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းက အများအားဖြင့် Application တွေကြောင့်ဖြစ်ပြီး အထူးသဖြင့် Crack version App တွေကြောင့်ပါပဲ။

App ကြောင့်ဆိုရင်တော့ ပွင့်နေတဲ့ App တွေကို Quit လုပ်လိုက်ရင် အဆင်ပြေပါတယ်။ အကယ်၍ Shortcut နဲ့ပိတ်ချင်ရင်တော့ Option + Command + Esc ကိုတွဲနှိပ်ပီး ပိတ်ချင်တဲ့ App ကို Force Quit လုပ်နိုင်ပါတယ်။ App ကြောင့်မဟုတ်ပဲ Freeze ဖြစ်တာဆိုရင်တော့ Force Restart လုပ်နည်း (၃)မျိုး ရှိပါတယ်။

နည်းလမ်း(၁) - Power Button ကို 10sec လောက်ဖိထားပြီး ပိတ်သွားတဲ့အခါ ခဏလောက်စောင့်ပြီး ပြန်ဖွင့်လိုက်ရုံပါပဲ။(*လုပ်လက်စ Data တွေ သုံးလက်စ File တွေ ထိခိုက်နိုင်ချေရှိပါတယ်)

နည်းလမ်း(၂) - Control + Option + Command + Power button ကိုနှိပ်ပေးပါ။ (*Application တွေကို ပိတ်ပြီးမှ Restart လုပ်တာဖြစ်လို့ ကိုယ့်ရဲ့ Data တွေအတွက် Save ဖြစ်ပါတယ်။) နည်းလမ်း(၃) - Control + Command + Power button ကိုဖိထားပါ။ (*နောက်ဆုံးနည်းဖြစ်ပြီး data အတွက် လုံးဝ save မဖြစ်ပါဘူး။

အပေါ်ကနည်းလမ်းတွေနဲ့ အဆင်မပြေမှသာ ပြုလုပ်ဖို့အကြံပေးချင်ပါတယ်။) အထက်ပါနည်းလမ်းတွေအတိုင်း Force Restart ပြုလုပ်လို့ အဆင်မပြေဘဲ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ Force Restart ပြုလုပ်ချင်တယ်ဆိုရင်တော့ Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

masOS မှာ Username ပြောင်းလဲနည်း
MacBook ရွေးနည်း (၁၁)နည်း