iPad မှာ Multitasking ကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ဖို့ ဘယ်လိုအသုံးပြုရမလဲ။
iPad နဲ့ စာများများဖတ်တဲ့သူ ဒါမှမဟုတ် iPad နဲ့ စာလုပ်တဲ့သူတွေအတွက် iPad ရဲ့ Multitasking Feature က အများကြီးအသုံးဝင်ပါတယ်။ Multitasking ဆိုတာက Browser ၊ Books App ဒါမှမဟုတ် Document File တစ်ခုခုကနေစာဖတ်နေရင်း Notes ထဲမှာလိုက်မှတ်တာမျိုး၊ ကျောင်းသင်ခန်းစာ ဒါမှမဟုတ် General Knowledge တွေကို YouTube သို့မဟုတ် Video တစ်ခုခုဖွင့်ထားရင်း Notes ထဲမှာလိုက်မှတ်တာမျိုး စသဖြင့် User ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး အချိန်ကုန်သက်သာစေမယ့် Feature တစ်ခုဖြစ်ပါတယ်။
iPad မှာ Multitasking ပြုလုပ်နိုင်ဖို့ -
Step 1 - Setting > Multitasking & Gestures ထဲကိုဝင်
Step 2 - Multitasking ဆိုတဲ့ အောက်က “Split View & Slide Over” ကို ရွေးပြီး ဖွင့်ထားပါ
Multitasking အသုံးပြုတဲ့အခါ Split View နဲ့ Slide Over ဆိုပြီးနှစ်မျိုးရှိပါတယ်။
Split View အသုံးပြုနည်း
ဥပမာ YouTube ဖွင့်ပြီး Notes လိုက်မှတ်မယ်ဆိုပါက
- အရင်ဆုံး YouTube သို့ဝင်ပါ။
- အပေါ်ဆုံး Screen အလယ်တည့်တည့်ရှိ အပြောက်သုံးခုကိုနှိပ်ပြီး Split View ကိုနှိပ်ပါ။
- မိမိ Notes မှတ်မယ့် Notes ကို ဖွင့်ပါ။
ဒါဆိုရင် Screen ကနှစ်ခြမ်းဖြစ်သွားပြီး နှစ်ခုလုံးကို တစ်ပြိုင်တည်း အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။ App နှစ်ခုကြားက ဘားတန်းလေးကိုရွေ့ပြီး App နှစ်ခုရဲ့ Screen အကျဉ်းကျယ်ကို ချိန်နိုင်ပါသေးတယ်ခင်ဗျာ။ ပြန်ပိတ်ပြီး App တစ်ခုတည်းပြန်သုံးချရင် အပေါ်ဆုံးက အပြောက်သုံးခုကိုနှိပ်ပြီး Full Screen ပြန်ရွေးပေးလိုက်ရင်ရပါတယ်ခင်ဗျာ။
Slide Over အသုံးပြုနည်း
Slide Over က Split View လို Screen နှစ်ခြမ်းခွဲပြီးသုံးတာမဟုတ်ပဲ App တစ်ခုကို App တစ်ခုပေါ်မှာ Floating Window ဆန်ဆန်အသုံးပြုတာမျိုးဖြစ်ပါတယ်။
ဥပမာ အလုပ်လုပ်ရင်း YouTube ကနေ သီချင်းနားထောင်မည်ဆိုပါက
- အရင်ဆုံး YouTube ကိုဝင်ပါ။
- အပေါ်ဆုံး Screen အလယ်တည့်တည့်ရှိ အပြောက်သုံးခုကိုနှိပ်ပြီး Slide Over ကိုနှိပ်ပါ။
- ကိုယ်ကြိုက်ရာ App ကို အသုံးပြုပါ။
ဒါဆို YouTube ကို Floating Window အနေနဲ့ မြင်ရမှာဖြစ်ပြီး မိမိထားချင်သောနေရာကို အပေါ်ကက ဘားတန်းလေးဖိပြီး နေရာရွှေ့ထားလို့ရမှာဖြစ်ပါတယ်။ ပြန်ပိတ်ပြီး App တစ်ခုတည်းပြန်သုံးချရင် အပေါ်ဆုံးက အပြောက်သုံးခုကိုနှိပ်ပြီး Full Screen ပြန်ရွေးပေးလိုက်ရုံပါပဲ။
အပေါ်မှာဖော်ပြထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။