iPhone / iPad တွေမှာ Light mode နဲ့ Dark Mode ကို Smart ကျကျ အလိုအလျောက် ပြောင်းလဲနိုင်ပါတယ်။ ညဘက်မှာ iPhone / iPad တွေကို အသုံးပြုတဲ့အခါ Dark Mode နဲ့အသုံးပြုတာက Battery ကုန်တာကို သက်သာစေမယ့်အပြင် မျက်စိညောင်းတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဒါပေမယ့် နေ့ဘက် ပတ်ဝန်းကျင် အလင်းရောင်များချိန်မှာတော့ Light Mode ကိုအသုံးပြုမှသာ ဖုန်းမျက်နှာပြင်မှာ ပေါ်နေတာတွေကို ထင်ထင်ရှားရှား ကြည့်ရှုနိုင်မှာပါ။
ဒီလိုမျိုး နေ့နဲ့ညတွေမှာ Light Mode / Dark Mode ကို Setting ထဲမှာ တချိန်လုံးဝင်ပြောင်းနေစရာမလိုအောင် အလိုအလျောက်ချိန်ညှိထားလို့ရပါတယ်။
Step 1 - Setting > Display & Brightness ထဲကိုဝင်၊
Step 2 - Light နဲ့ Dark ရွေးတဲ့အောက်မှာ Automatic ကိုဖွင့်ပါ၊
Step 3 - Options လို့ပေါ်လာလျှင် ထိုထဲသို့နှိပ်ဝင်ပြီး Sunset to Sunrise (သို့မဟုတ်) Custom Schedule ဆိုပြီးနှစ်မျိုးပေါ်လာပါမည်။
- Sunset to Sunrise ရွေးထားပါက နေဝင်ချိန်မှ နေထွက်ချိန်ထိ အလိုအလျောက် Dark Mode ပြောင်းနေမှာဖြစ်ပြီး Custom Schedule ကို ရွေးထားပါက ကိုယ် Dark Mode ဖြစ်စေချင်တဲ့ အချိန်ကို အတိကျ ချိန်ညှိနိုင်မှာပါ။
အထက်ပါနည်းလမ်းများအတိုင်း ပြုလုပ်လို့ အဆင်မပြေတာ (သို့) ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ပြုလုပ်လိုပါက Xtra Support Desk နဲ့ @xtrasuremm Telegram Channel တွေကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။