Tips & Tricks

iOS 17 Stand By Mode

iOS 17 Stand By Mode
အိပ်ရာဘေးမှာထားနေကျ စားပွဲတင်နာရီလေးတွေရဲ့ နေရာကို iPhone တွေနဲ့ အစားထိုးလို့ရနေပါပြီ။
အသစ်ထွက်လာတော့မယ့် iOS 17 မှာဆိုရင်တော့ ဖုန်းမသုံးဖြစ်ဘဲ အားသွင်းနေတဲ့ အချိန်တွေနဲ့ အိပ်စက်ချိန်တွေမှာ iPhone ကို စားပွဲတင် Digital နာရီတစ်လုံးလို အသုံးဝင်စေမယ့် Feature အသစ်တစ်ခု ပါဝင်လာပါတယ်။
ဒီ Feature လေးကိုတော့ Stand By Mode လို့ခေါ်ပြီး iPhone XS နဲ့ iPhone XR အထက် model တွေမှာ အသုံးပြုနိုင်မှာပါ။
iOS 17 Beta တင်ထားတဲ့ iPhone တွေမှာ Stand By Mode ကိုစမ်းကြည့်ချင်တယ်ဆိုရင်တော့ -
• အရင်ဆုံး Settings ရဲ့ Stand By ထဲမှာရှိတဲ့ Toogles လေးတွေကို ON ပေးထားပေးပါ။
• ပြီးရင်တော့ ဖုန်းကို Landscape အနေအထားနဲ့ MagSafe ဒါမှမဟုတ် Charger တပ်ပြီး အားသွင်းထားလိုက်ပါ။
• အားဝင်နေတဲ့အချိန် Screen ကို အပိတ်၊အဖွင့် လုပ်ပေးလိုက်တာနဲ့ Stand By Mode ကို ပြောင်းသွားမှာပဲဖြစ်ပါတယ်။
Stand By Mode မပေါ်လာဘူးဆိုရင်‌တော့ ဖုန်းလေးကို Restart လုပ်ပြီး ထပ်ကြိုးစားကြည့်ပေးပါ။
ကဲ... ဒီတော့ စားပွဲတင်နာရီလား။ iPhone ရဲ့ Stand By Mode လား။ ဘာကိုရွေးချယ်ဖြစ်ကြမလဲ?

Reading next

ဂရုစိုက်မှုတွေပေးမယ့် AI Health App
ချစ်တဲ့အကြောင်းတွေ အမြဲအမှတ်ရစေဖို့ Any Text Lock Screen Widgets