Tips & Tricks

ချစ်တဲ့အကြောင်းတွေ အမြဲအမှတ်ရစေဖို့ Any Text Lock Screen Widgets

ချစ်တဲ့အကြောင်းတွေ အမြဲအမှတ်ရစေဖို့ Any Text Lock Screen Widgets
Lock Screen မှာ စာလေးတွေရေးပြီး Ro ချင်တဲ့ ချစ်သူစုံတွဲတွေနဲ့ မေ့တတ်လွန်းတဲ့ iPhone User တွေအတွက် Lock Screen မှာ ဒီလိုမျိုး Note လေးတွေ ပေါ်နေစေမယ့် နည်းလမ်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။
Step လေးတွေကတော့ -
၁။ အရင်ဆုံး App Store ထဲက Any Text · Lock Screen Widgets ဆိုတဲ့ App လေးကို Install လုပ်ပေးပါ။
၂။ App ထဲကိုဝင်၊ Get Started ဆိုတာကိုနှိပ်ပြီး ကိုယ်ပေါ်စေချင်တဲ့ စာလေးတွေကို ရေးထည့်ပေးပါ။
၃။ အပေါ်ထောင့်က Settings ဆိုတာလေးထဲမှာလည်း ကိုယ့်စိတ်ကြိုက် Font နဲ့ Size ကို ချိန်ညှိနိုင်ပါတယ်။
၄။ စိတ်ကြိုက် ‌ရေးထည့်ပြီးတာနဲ့ Done ကိုနှိပ်ပြီး OK နှိပ်ပေးပါ။
၅။ ပြီးရင်တော့ ဖုန်းကို Screen ပိတ်ပြီးပြန်ဖွင့်ပေးပါ။
၆။ Lock Screen ပေါ်လာတဲ့အခါ Lock Screen ကို ဖိထားပေးပါ။
၇။ Customize ဆိုတာ‌လေး ပေါ်လာပြီဆိုရင်တော့ Lock Screen ပေါ်က Widget တစ်ခုခုနေရာမှာ ကိုယ်ရေးထားတဲ့ Any Text Widget လေးနဲ့ အစားထိုးပေးလိုက်ရုံပါပဲ။
ဒါဆိုရင်တော့ ဖုန်းကိုဖွင့်လိုက်ချိန်တိုင်းမှာ ကိုယ်ထည့်ထားတဲ့ စာလေးတွေကို မြင်နေပြီပဲဖြစ်ပါတယ်။ အမှတ်တရ နေ့စွဲလေးတွေကို ကဗျာဆန်ဆန် ရေးထည့်ထားဖို့ အခုပဲသွားစမ်းကြည့်လိုက်တော့လေ။

Reading next

iOS 17 Stand By Mode
အမှားအယွင်းကင်းစင်သွားတဲ့ Dynamic Island