iPhone, iPad တွေမှာ Mobile Data ဖွင့်ထားတယ်၊ Wi-fi လည်းချိတ်ထားတယ် ဆိုပေမဲ့ Internet သုံးမရတာတွေ၊ No Internet connection လို့ပြနေတာတွေ ကြုံနေရပြီဆိုရင်တော့ Network Setting Seset ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ Network Setting Reset လုပ်ခြင်းအားဖြင့် Device တွေပြန်ချိတ်ရတာ၊ Wi-Fi Password တွေပြန်ရိုက်ထည့်ရတာ သိပ်ကိုအလုပ်ရှုပ်ပါတယ်။
ဒါကြောင့် Network Setting Reset မလုပ်ခင် အောက်ပါနည်းလမ်း(4)ခုကို အဆင့်ဆင့်စစ်ဆေးကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။
1 - Date & Time လွဲနေခြင်း။
iPhone, iPad တွေမှာ Date & Time လွဲနေပါက Internet သုံးမရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့် iPhone, iPad မှာ Date & Time မှန် မမှန် အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ Date & Time လွဲနေပါက Internet ဖွင့်ထားပြီး Setting > General > Date & Time > Set Automatically ကို ပိတ်ပြီး Time Zone မှာ Yangon ကိုရွေး၊ Set Automatically ပြန်ဖွင့်ပေးလိုက်တာနဲ့ Date & Time ကို အလွယ်တကူချိန်ညှိနိုင်ပါတယ်။
2 - VPN အပိတ်ဖွင့် လုပ်ကြည့်ခြင်း။
iPhone, iPad တွေမှာ အသုံးပြုထားတဲ့ VPN ကို ပိတ်ပြီး Safari, Browser, YouTube တို့မှာ Internet စမ်းသုံးကြည့်သင့်ပါသည်။
3 - VPN Profile များရှင်းခြင်း။
VPN တွေ အသုံးများပြီး VPN Profile ထဲမှာ Setting တွေ ရှုပ်နေရင်လည်း Internet မတက်တာတွေ အဖြစ်များလေ့ရှိပါတယ်။ ဒါကြောင့် VPN Profile တွေရှင်းဖို့ Setting > General > VPN & Device Management > VPN ထဲကိုဝင်ပြီး Device VPN အောက်မှာရှိတဲ့ VPN Profile တွေကို (!) ကိုနှိပ်၊ Delete VPN ကိုနှိပ်ပြီး ဖျက်ပေးလိုက်ပါ။ (VPN & Device Management ထဲရှိ VPN Profile များကို ဖျက်လိုက်ရုံနဲ့ VPN Apps တွေ ပျက်မှာစိတ်ပူစရာမလိုပါဘူး)။ ဒါဆိုရင်တော့ ပုံမှန်အတိုင်း အဆင်ပြေပြေ Internet ပြန်သုံးနိုင်မှာပါ။
4 - Celluar Data Network reset ကျနေခြင်း။
Cellular Network Reset ကျနေတာကို စစ်ဆေးနိုင်ဖို့ Phone >Setting > Celluar > Celluar Data Network ကိုဝင်ကြည့်ပေးပါ။ APN / Username / Password ဆိုတဲ့နေရာတွေမှာ Operator Name တစ်ခုတည်းရှိနေတာမျိုးဆိုရင် ပြန်ပြင်ပေးရပါမယ်။ ဥပမာ - ကိုယ်သုံးတာ Telenor ဆိုရင် (APN-telenor / Username-internet / Password-ဖြည့်ရန်မလို) ဆိုပြီးဖြည့်၊ Back နဲ့ ပြန်ထွက်တာနဲ့ Celluar Data ကို ပုံမှန်အတိုင်းပြန်သုံးရသွားပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို Personal hostpot မပေါ်ဘဲဖြစ်နေရင်လည်း အသုံးပြုနိုင်ပါတယ်။
အကယ်၍ အထက်ပါနည်းလမ်းတွေကို အသုံးပြုလည်း မထူးဘူးဆိုရင် Network setting Reset ချကြည့်တာ ဒါမှမဟုတ် Xtra Support Desk ကို ဆက်သွယ်မေးမြန်းပြီး အကူအညီရယူနိုင်ပါတယ်။