iPhone 14 Pro နဲ့ iPhone 14 Pro Max တွေမှာ ကြုံတွေရလေ့ရှိတဲ့ Dynamic Island ရဲ့ Glitch တွေကို iOS 17 မှာ ဖြေရှင်းပေးထားတယ်လို့သိရပါတယ်။
iOS 16 တင်ထားတဲ့ iPhone 14 Pro Series တွေမှာတော့ ဖုန်းပြောပြီးတဲ့အခါ Dynamic Island က လေးထောင့်ကွက်အမဲကြီးလိုမျိုးဖြစ်နေတာ၊ တဝက်တပြတ်နဲ့ သုံးရတာသိပ်ပြီး Smooth မဖြစ်တာ စတဲ့ Error တွေကို iOS 17 မှာ Smooth ဖြစ်အောင် ပြင်ဆင်ပေးထားပါတယ်။
Error တွေမရှိသလောက်နည်းတဲ့ iOS 17 Public Beta 3 ကိုလည်း Install လုပ်လို့ရနေပြီမို့လို့ Feature အသစ်တွေ စမ်းသုံးချင်တဲ့ User တွေအနေနဲ့ Update တင်ဖို့ တိုက်တွန်းလိုက်ပါရစေ။
Beta Version ဖြစ်တာမို့ Update မတင်ခင်မှာ စိတ်ချရအောင် ကိုယ့်ရဲ့ Data တွေကို PC ဒါမှမဟုတ် Mac မှာ Backup လုပ်ထားဖို့လည်း အကြံပေးချင်ပါတယ်။