News

အမိုက်စား Feature အသစ်တွေနဲ့ AirPods Pro

အမိုက်စား Feature အသစ်တွေနဲ့ AirPods Pro
iOS 17 Beta မှာ AirPods Pro(2nd Gen) အတွက် Beta Firmware ရနေပြီဖြစ်ပြီး Features အသစ်တွေ အများကြီးပါဝင်လာပါတယ်။
• Dark Mode အသုံးပြုသူတွေအတွက် Connect လုပ်တဲ့အခါ Dark UI ပါလာမယ်။
• ဖုန်းပြောတဲ့အခါ AirPods က ခလုတ်ကို တစ်ချက်နှိပ်ရုံနဲ့ Mute/Unmute ပြုလုပ်နိုင်မယ်။
 Devices အများကြီး ချိတ်သုံးတဲ့အခါလည်း Switch လုပ်ရတာပိုပြီး အဆင်ပြေလာပါတယ်။
• Assistant ခေါ်ဖို့အတွက်ဆိုရင်လည်း Hey Siri အစား “Siri” လို့ပဲ အလွယ်တကူခေါ်လို့ရသွားပါတယ်။
• အမိုက်ဆုံးကတော့ Apple ကကြိုတင်မိတ်ဆက်ခဲ့တဲ့ Adaptive Noise Cancellation ဖြစ်ပြီး ဒီ Feature လေးကတော့ AirPods Pro(2nd Gen) နဲ့ သီချင်းနားထောင်တဲ့အခါ တစ်ယောက်ယောက်က စကားလာပြောရင် သီချင်းသံကို အလိုလျောက်တိုးပေးသွားမှာပါ။
သီချင်းသံကို တိုးပေးလိုက်တာကြောင့် အပြင်ကစကားသံကို ပြတ်ပြတ်သားသား ကြားရမယ့်အပြင် စကားပြောလို့ ပြီးသွားတဲ့အခါမှာလည်း သီချင်းသံကို အလိုလျောက် ပြန်ကျယ်ပေးမှာပဲ ဖြစ်ပါတယ်။
ဒီ Feature လေးကတော့ အသစ်ထွက်လာမယ့် iOS 17 Update မှာ ပါဝင်သွားမှာဖြစ်ပြီး AirPods Pro(2nd Gen) ရှိတယ်၊ Beta Version လည်း သုံးနေတယ်ဆိုရင်တော့ အခုပဲကိုယ်တိုင်စမ်းကြည့်လို့ရနေပါပြီ။

Reading next

အမှားအယွင်းကင်းစင်သွားတဲ့ Dynamic Island
The Central Boulevard မှာ အသစ်ဖွင့်လှစ်တော့မယ့် XtraSure ရဲ့ ဒုတိယမြောက်ဆိုင်ခွဲ