Tips & Tricks

လူသိနည်းတဲ့ Back Tap Feature

လူသိနည်းတဲ့ Back Tap Feature

iPhone တွေမှာပါတဲ့ Back tap ဆိုတာကတော့ ဖုန်းရဲ့ ကျောဘက်ကို လက်ဖြင့် (၂)ချက် ဆက်တိုက် သို့မဟုတ် (၃)ချက် ဆက်တိုက် ခေါက်လိုက်ရုံနဲ့ အသုံးပြုနိုင်တဲ့ Gesture တမျိုးပဲဖြစ်ပါတယ်။

Back Tap ကိုဖွင့်ဖို့ဆိုရင်တော့ Setting => Accessibility => Touch => Back Tap ထဲကိုဝင်လိုက်ပါ။

Back Tap ထဲမှာ Double Tap နဲ့ Triple Tap ဆိုပြီး Option (၂)ခု နှစ်ခုပါဝင်ပြီး ကိုယ်အသုံးပြုချင်တဲ့ Function အလိုက် Assign လုပ်ထားလို့ရပါတယ်။

ဥပမာ -

Double Tap ထဲမှာ Flashlight ကိုရွေးထားမယ်ဆိုရင် iPhone ရဲ့ ကျောဘက်ကို (၂)ချက်ခေါက်တာနဲ့ Flash မီးပွင့်လာမှာပါ။

Triple Tap ထဲမှာ Screenshot ရွေးထားမယ်ဆိုရင်လည်း iPhone ရဲ့ ကျောဘက်ကို (၃)ချက်ခေါက်လိုက်တာနဲ့ Screenshot ရိုက်ပြီးသား ဖြစ်သွားမှာပါ။

ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်ကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

ဖုန်းတွေပူတာ ဘာတွေကြောင့်လဲ?
ဖုန်းပူနေချိန် အမြန်အေးအောင် ဘာတွေလုပ်ရမလဲ?