Tips & Tricks

ဖုန်းပူနေချိန် အမြန်အေးအောင် ဘာတွေလုပ်ရမလဲ?

ဖုန်းပူနေချိန် အမြန်အေးအောင် ဘာတွေလုပ်ရမလဲ?

နွေဘက်မှာ လေထုအပူချိန်မြင့်တက်နေတာနဲ့အတူ ဖုန်းတွေမှာလည်း အပူလွန်ကဲတဲ့ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းက သာမန်ထက်ပိုပြီး အရမ်းပူနေတယ်လို့ထင်တယ်ဆိုရင် ဒါလေးတွေကို သတိထားပေးပါ။

၁။ ကိုယ့် iPhone ရဲ့ iOS Version ကို ပြန်စစ်ဆေးပြီး Heat တက်တာများတဲ့ Version ဖြစ်နေရင် Update ပြုလုပ်ပေးပါ။

၂။ Low power Mode မလိုအပ်ပဲ ON ထားမိတယ်ဆိုရင် ပြန်ပိတ်ပေးပါ။

၃။ နွေရာသီမှာ အပူချိန်အရမ်းမြင့်နေတဲ့အလျှောက် Air-con ခန်းထဲမှာ အားသွင်းရင်တောင် ဖုန်းပူနိုင်တာဖြစ်လို့ ဖုန်းကာဗာလေးတွေကို ဖြုတ်ထားပေးသင့်ပါတယ်။

၄။ Battery ကို 20% အောက်မကျစေဘဲ ဖုန်းမသုံးဘဲနားတဲ့အခါ ချက်ချင်းအားသွင်းတာမျိုးတွေ ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖုန်းကိုအသုံးပြုထားတဲ့အခါ ဖုန်းအထဲမှာ အပူထုတ်လွှတ်မှုတွေရှိနေနိုင်ပြီး ဆက်တိုက်အားသွင်းလိုက်တဲ့အခါ အပူချိန်တွေပိုတိုးလာစေနိုင်လို့ပါပဲ။

၅။ နေပူနေချိန် အပြင်ထွက်ရတဲ့အခါမျိုးတွေမှာလဲ Heat ပိုတက်စေတဲ့ Power Bank, MagSafe အစရှိတဲ့ အရေးပေါ်အားသွင်းနည်းတွေကို ရှောင်ရှားသင့်ပါတယ်။

ဖုန်းအပူလွန်ကဲတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်ကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

လူသိနည်းတဲ့ Back Tap Feature
iPhone နဲ့ iPad တွေရဲ့ Control Center မှာ Screen Recording Control ဘယ်လိုထည့်ကြမလဲ?