Tips & Tricks

ဖုန်းတွေပူတာ ဘာတွေကြောင့်လဲ?

ဖုန်းတွေပူတာ ဘာတွေကြောင့်လဲ?

Smartphone တွေဟာ လျှပ်စစ်စွမ်းအင်သုံး ပစ္စည်းတွေပဲဖြစ်တာကြောင့် အပူ လုံးဝ မထွက်ဖို့ မဖြစ်နိုင်တာမို့ အနည်းနဲ့အများ အပူထုတ်လွှတ်မှုတော့ ရှိကြပါတယ်။ iPhone တွေ အရမ်းပူတဲ့အခါ ဘာတွေဖြစ်တတ်လဲ၊ ဘယ်လိုအချက်တွေက ပိုပြီးပူစေလဲ သိချင်ရင်တော့ အောက်ပါအချက်လေးတွေကို သတိထားကြည့်နိုင်ပါတယ်။ iPhone တွေကို စတင်အသုံးပြုခါစ Set Up လုပ်တဲ့ အချိန်တွေ၊ Restore လုပ်နေတဲ့ အချိန်တွေ၊ Background Activities တွေ များလွန်းပြီး iPhone က အချိန်ပြည့်အလုပ်လုပ်နေရတဲ့ အခါမျိုးတွေ၊ အရမ်းပူတဲ့နေ့လယ်ခင်းတွေ မှာအားသွင်းမိပြီး 80% အထက်မတက်တဲ့ အခါမျိုးတွေမှာ ဖုန်းက ကိုင်လို့မရလောက်အောင် ပူနေတတ်ပါတယ်။ ဒီလို အပူချိန်မြင့်နေတဲ့ အချိန်တွေမှာ ဖုန်းက သာမန်ထက်ပိုပြီး အားကုန်မြန်စေမှာဖြစ်သလို ဒီလိုအချိန်တွေမှာ ဖုန်းအားသွင်းတာ၊ ဂိမ်းဆော့တာတွေက ဖုန်းရဲ့ Battery Health ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

သတိပြုရန်အချက်များ -

လက်ရှိမြန်မာပြည်ရဲ့ ရာသီဥတုက အရမ်းပူနေတာဖြစ်လို့ အားသွင်းမယ်ဆိုရင် နေ့လယ်ဘက် အရမ်းပူတဲ့အချိန် အားသွင်းတာမျိုးကို ရှောင်ကြဉ်သင့်ပြီး အပူလျော့တဲ့ မနက်ပိုင်း၊ ညနေနဲ့ ညဘက်တွေမှာသာ အားသွင်းသင့်ပါတယ်။

အားသွင်းတဲ့အခါမှာလည်း အတတ်နိုင်ဆုံး Original Adapter ကိုသာ အသုံးပြုသင့်ပြီး အပူချိန်တိုးစေတဲ့ Power Bank နဲ့ Magsafe တွေကိုတော့ ရံဖန်ရံခါ အရေးပေါ်အားကုန်တဲ့အခါမျိုးမှသာ အသုံးပြုစေချင်ပါတယ်။

အကယ်၍ ဖုန်းတွေကို အပူလွန်ကဲတဲ့အထိ အသုံးပြုမိမယ်ဆိုရင် ဖုန်းရဲ့ Performance ကိုထိခိုက်စေနိုင်ပြီး Battery Health ကိုပါ ကျဆင်းစေနိုင်ပါတယ်။ အရမ်းပူနေတဲ့အချိန် ဖုန်းကို လုံးဝ အနားမပေးဘဲ တောက်လျှောက် ဆက်သုံးနေမယ်ဆိုရင်တော့ အသုံးပြုရင်း ထစ်လာတာ၊ Facebook သုံးတဲ့အခါ NewsFeed ကြည့်လို့တောင် အဆင်မပြေတော့တာ၊ ကင်မရာဖွင့်တဲ့အချိန် တန်းပွင့်မလာတာ၊ Flash မီး ဖွင့်မရတော့တာ၊ Temperature icon ပေါ်လာတာ အစရှိတဲ့ Error တွေဖြစ်ပေါ်လာနိုင်ပါတယ်။

Temeprature ပြဿနာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ အကြံဥာဏ်ကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

iPhone, iPad, Mac တွေမှာ Screen Time Passcode ကို Reset ပြုလုပ်နည်း
လူသိနည်းတဲ့ Back Tap Feature