Tips & Tricks

Wi-Fi ချိတ်မရခြင်း၊ Internet လိုင်းမတက်ခြင်း တို့ကို ဘယ်လိုဖြေရှင်းမလဲ?

Wi-Fi ချိတ်မရခြင်း၊ Internet လိုင်းမတက်ခြင်း တို့ကို ဘယ်လိုဖြေရှင်းမလဲ?

ကိုယ့်ရဲ့ iPhone (သို့) iPad က mobile data ဖွင့်ထား ၊ Wi-Fi Connect လုပ်ထားပေမဲ့ Internet လိုင်းမတက်တာ၊ no internet connection ဖြစ်နေတာ၊ တခါတရံ Wi-Fi ချိတ်မရတာတွေ ဖြစ်နေပါက Network settings ကို reset ချပြီး အချိန်တိုအတွင်း မိမိကိုယ်တိုင် ပြုပြင်နိုင်ပါတယ်။

Network settings reset ပြုလုပ်တယ်ဆိုတာက iPhone (သို့) iPad ရဲ့ Settings ထဲမှာရှိတဲ့ Network setting data တွေကို အသစ်အတိုင်း ပြန်လုပ်ထားပေးတာဖြစ်လို့ ကိုယ်ချိတ်ခဲ့ဖူးတဲ့ Wi-Fi Password တွေ၊ Bluetooth device တွေ၊ Vpn profile တွေ အားလုံး တခါတည်းပျက်သွားမှာပါ။

ဒါကြောင့် Network setting reset ချပြီးတဲ့အခါ Wi-Fi ပြန်ချိတ်တာ Bluetooth Device တွေ pair ပြန်လုပ်ပေးတာ အစရှိတာတွေကို အစက ပြန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

ဒီလို Network settings Reset လုပ်တာကြောင့် ကိုယ့် iPhone (သို့) iPad ထဲက Photos, Videos နဲ့ Contact တွေ၊ Call log တွေ၊ Data တွေ တခုမှ မပျက်စီးနိုင်သလို ကိုယ်သုံးနေကျ App တွေကိုပါ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။

Network Settings Reset ပြုလုပ်ဖို့ဆိုရင်တော့ Setting > General ထဲမှာ အောက်ကိုဆွဲချပြီး Transfer or Reset iPhone / iPad ကို နှိပ်၊ Reset ဆိုတာလေးထဲဝင်ပြီး Reset Network Settings ကိုရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းက Auto restart လုပ်သွားမှာဖြစ်ပြီး ပြန်ပွင့်လာတဲ့အခါ Wi-Fi နဲ့ mobile data တွေကို ပြန်လည်စမ်းသပ်အသုံးပြုနိုင်ပါပြီ။

ဒီနည်းလမ်းအတိုင်း ပြုလုပ်လို့အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူညီကို ရယူချင်တယ်ဆိုရင်တော့ Xtra Support Desk သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

Reading next

eSIM ဆိုတာဘာလဲ? eSIM ဘယ်လိုပြောင်းရမလဲ?
Phone Password မေ့သွားတဲ့အခါ ကိုယ်တိုင် Reset ပြုလုပ်နည်း