Tips & Tricks

Gamer တွေအတွက် အလိုအပ်ဆုံး Guided Access

Gamer တွေအတွက် အလိုအပ်ဆုံး Guided Access

Game ဆော့တဲ့အခါ၊ အလုပ်လုပ်တဲ့အခါ App တခုထဲကို ဝင်ထားတဲ့အချိန် ဘေးလူဝင်ပြီး Scroll လုပ်လို့မရအောင် ပိတ်ထားနိုင်မယ့် နည်းလမ်းလေးတခုရှိပါတယ်။ ဒီ Function လေးကို ဖွင့်ထားချင်တယ် ဆိုရင်တော့ -

  • အရင်ဆုံး Setting > Accessibility ရဲ့ အောက်ဆုံးနားက Guided Access ထဲကိုဝင်လိုက်ပါ။
  • ON/OFF ကို အပိတ်အဖွင့် တခါလုပ်ပြီး ON လုပ်ထားပေးပါ။
  • ပြီးရင် Passcode Settings ထဲကိုဝင်ပြီး Set Guide Access ထဲမှာ Passcode တခု ထားပေးပါ။ Face ID (or) Touch ID ပါ ON ထားရင် ပိုပြီးအဆင်ပြေပါတယ်။ အပေါ်မှာပြောထားတဲ့အတိုင်း အကုန်လုပ်ထားပြီးပြီဆိုရင်တော့ Game ဆော့တဲ့အခါ၊ Appe တခုခုသုံးတဲ့အခါ Power Button ကို (၃)ချက်ဆက်တိုက် နှိပ်လိုက်တာနဲ့ Control Bar က အလိုလိုပျောက်သွားမှာဖြစ်ပြီး ဘယ်လိုမှ Scroll (Down /Up) လုပ်လို့မရတော့ပါဘူး။

Guided Access ကို ပြန်ပြီးပိတ်ချင်တယ်ရင်တော့ -

  • Power Button ကို (၃)ချက် ဆက်တိုက်နှိပ် > Password ထည့်ပြီး END ကိုနှိပ်လို့ရသလို Power Button ကို (၂)ချက် ဆက်တိုက်နှိပ်ပြီး (Face OR touch ID) ထည့်လိုက်ပြီးတော့လည်း ပြန်ပိတ်နိုင်ပါတယ်။

Game ‌ဆော့တဲ့အခါ Guided Access နဲ့ Focus ထဲက Gaming Mode ကို တွဲပြီး ON ထားမယ်ဆိုရင်တော့ ဖုန်းဝင်လာတဲ့အခါ အလိုအလျောက် End Call ဖြစ်သွားမှာမို့လို့ လိုင်းမကျဘဲ အေးဆေးဆော့ကစားနိုင်မှာပါ။

ကိုယ်တိုင်လုပ်ကြည့်လို့ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူလိုတယ်ဆိုရင်တော့ Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

Phone Password မေ့သွားတဲ့အခါ ကိုယ်တိုင် Reset ပြုလုပ်နည်း
ဘာကြောင့် iCloud Account ကို Sign Out လုပ်လို့မရတာလဲ?