Tips & Tricks

ဘာကြောင့် iCloud Account ကို Sign Out လုပ်လို့မရတာလဲ?

ဘာကြောင့် iCloud Account ကို Sign Out လုပ်လို့မရတာလဲ?

ခုနောက်ပိုင်း Customer တွေ အဖြစ်များနေတာကတော့ ဖုန်းအဟောင်းထဲကနေ iCloud Account ထွက်ဖို့လုပ်တဲ့အခါ Sign Out နေရာလေးက မှိန်နေပြီး Account ထွက်လို့မရတဲ့ ပြဿနာပါပဲ။

အဲဒါလေးကတော့ မိမိရဲ့ Device ရဲ့ Screen Time Password ကြောင့်ဖြစ်ပြီး ကိုယ်မဟုတ်တဲ့ တခြားသူတွေ ကိုယ့်ဖုန်းထဲက Apple ID ကို အလွယ်တကူ ဖျက်လို့မရအောင် ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။

ဒါကြောင့် iCloud Account ကို Sign Out လုပ်တော့မယ်ဆိုရင် Settings > Screentime > Change Screentime Passcode ထဲမှာ Delete Passcode လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ iCloud Account ကို အဆင်ပြေပြေ Sign Out လုပ်လို့ရသွားမှာပါ။

အပေါ်မှာဖော်ပြထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ iCloud Sign Out ပြုလုပ်လိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

Gamer တွေအတွက် အလိုအပ်ဆုံး Guided Access
iPhone, iPad, Mac တွေမှာ Screen Time Passcode ကို Reset ပြုလုပ်နည်း