Tips & Tricks

အမျိုးမျိုးသော ပြဿနာတို့အတွက် Hard Reset ပြုလုပ်နည်း

အမျိုးမျိုးသော ပြဿနာတို့အတွက် Hard Reset ပြုလုပ်နည်း

ဒီရက်ပိုင်း iPhone 15 Family တွေမှာ ကြုံနေရလေ့ရှိတဲ့ အားသွင်းမရတဲ့ Error အပါအဝင် တခြား iPhone တွေမှာ ကြုံနေရတဲ့ ပြဿနာတော်တော်များများကို Hard Reset ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။

Hard Reset ပြုလုပ်တယ်ဆိုတာ ဖုန်းထဲမှာ Run နေတဲ့ iOS အပါအဝင် Settings တွေအားလုံးကို ပိတ်ပြီးပြန်ဖွင့်သလို Restart သဘောမျိုး ပြုလုပ်လိုက်တာဖြစ်လို့ ဖုန်းထဲမှာရှိတဲ့ Data တွေကို လုံးဝမထိခိုက်စေပါဘူး။

Hard Reset / Force Restart ပြုလုပ်ဖို့အတွက်ဆိုရင်တော့ Vol Up (၁)ချက်၊ Vol Down (၁)ချက် အစဉ်လိုက်နှိပ်ပြီး Power ခလုတ်ကို ဖိထားပေးလိုက်ပါ။

Apple Logo လေး ပြန်ပေါ်လာပြီဆိုရင်တော့ Hard Reset ပြုလုပ်လို့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ Hard Reset ပြုလုပ်လိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

iPhone နဲ့ iPad တွေရဲ့ Control Center မှာ Screen Recording Control ဘယ်လိုထည့်ကြမလဲ?
masOS မှာ Username ပြောင်းလဲနည်း