Tips & Tricks

masOS မှာ Username ပြောင်းလဲနည်း

masOS မှာ Username ပြောင်းလဲနည်း

macOS အသုံးပြုတဲ့ Macbook / iMac / Mac Mini တွေမှာ စက်ဖွင့်ဖွင့်ချင်းပေါ်လာတဲ့ Username ကို ဘယ်လိုပြောင်းလဲကြမလဲ။ ကိုယ်သုံးနေတဲ့ Mac တွေမှာ ဝယ်ပြီးပြီးချင်း ဆိုင်ကထည့်ပေးလိုက်တဲ့ Username ကြီးကို မကြိုက်လို့ အသစ်ပြန်ပြောင်းချင်ရင်တော့ အောက်ပါနည်းလမ်းအတိုင်း အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Step 1 - Macbook ရဲ့ System Settings ထဲမှာရှိတဲ့ Users & Groups ထဲကိုဝင်လိုက်ပါ။

Step 2 - တစ်ချို့မှာတော့ admin တစ်ခုပဲရှိတတ်ပြီး /တစ်ချို့မှာ User ခွဲသုံးမျိုးတွေရှိတက်ပါတယ် ဒါကြောင့် ကိုယ်နာမည်ပြောင်းချင်တဲ့ Account ကို သေချာရွေးဖို့လိုအပ်ပါတယ်။

Step 3 - ကိုယ်နာမည်ပြောင်းချင်တဲ့ Account ကို Pointer ထောက်ပြီး Double Click နှိပ်လိုက်ပါ။

Step 4 - Advanced Options ဆိုပြီးပေါ်လာတဲ့အခါ ကိုယ့် Device ရဲ့ Password ကိုထည့်ပေးပါ။

Step 5 - ဒါဆိုရင်တော့ အပေါ်ဆုံးမှာ ကိုယ့်နာမည်ကို ကြိုက်နှစ်သက်သလို ပြောင်းလို့ရသွားပါပြီခင်ဗျာ။ ဒါပေမဲ့ ခဏခဏ ပြောင်းရင် Account Error တွေကြုံရတတ်လို့ Username ကို ခဏခဏမပြောင်းဖို့ အကြံပေးချင်ပါတယ်။

အပေါ်မှာဖော်ပြထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ Username ပြောင်းလဲလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Reading next

အမျိုးမျိုးသော ပြဿနာတို့အတွက် Hard Reset ပြုလုပ်နည်း
MacBook တွေကို Force Restart / Hard Restart ဘယ်လိုလုပ်မလဲ?