KBZ Smart Deal Program

KBZ Smart Deal Program

0% Interest Smart Deal ဆိုသည်မှာ KBZ ၏ မိတ်ဖက် Merchant များတွင် KBZ Credit Card ဖြင့် အနည်းဆုံး ငွေကျပ် (၁သိန်းခွဲ) မှ စတင်အသုံးပြုပြီး စျေးဝယ်ထားသော Transaction များကို အတိုးပေးစရာမလိုဘဲ လစဥ်အရစ်ကျပေးချေစနစ်ဖြင့်ပေးဆောင်ရမည့် Program တစ်ခုဖြစ်သည်။

How to apply for an 0% Interest Smart Deal Program?

  • KBZ Credit Card ဖြင့် သတ်မှတ်ထားသော Merchant များတွင် အနည်းဆုံး ငွေကျပ် (၁သိန်းခွဲ) ဖိုးဝယ်ယူထားသော Transaction များကို 0% Interest Smart Deal အဖြစ်ပြောင်းလဲရန် KBZ Call Center သို့ ဆက်သွယ်၍ လျှောက်ထားနိုင်ပါသည်။
  •  0% Interest Smart Deal ကို တစ်ခုထပ်ပို၍ လျှောက်ထားနိုင်ပါသည်။ သို့သော် Credit Limit ပမာဏကို ကျော်လွန်အသုံးပြုခွင့်ရှိမည်မဟုတ်ပါ။

What are the available tenures for 0% Interest Smart Deal?

  •  0% Interest Smart Deal အတွက် ရရှိနိုင်သော သတ်မှတ်ကာလမှာ (၃)လ သို့မဟုတ် (၆)လ ဖြစ်ပါသည်။

Is there an application fee for converting a purchase to an 0% Interest Smart Deal?

  • KBZ Credit Card ဖြင့် စျေးဝယ်ထားသော Transaction များကို Smart Deal အဖြစ်ပြောင်းလဲခြင်းအတွက် “Onboarding Fee” ဟုခေါ်သော လျှောက်လွှာကြေး (၁၀,၀၀၀) ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ သို့သော် (၆)လ 0% Interest Campaign ၏ ပထမ (၃) လအတွင်း ပထမဆုံးလျှောက်ထားသူ Customer (၁၀၀) ဦးအတွက် Early Bird Offer အနေဖြင့် လျှောက်လွှာကြေး (၁၀,၀၀၀) ကျပ်ကို ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပါသည်။ 

Is there any lucky draw promotion for 0% Interest Smart Deal Campaign participants?

  • ၆လ Campaign ကာလအတွင်းတွင် (၅၀၀,၀၀၀) ကျပ်နှင့်အထက် အသုံးပြုထားသော Customer များအားလုံးထဲမှ ပထမဆု (၅) သိန်း၊ ဒုတိယဆု (၃) သိန်းနှင့် တတိယဆု (၂) သိန်း ကံထူးနိုင်မည့် ဆု (၃) ခုအတွက် Campaign Lucky Draw တွင် ပါဝင်ခွင့်ရမည်ဖြစ်ပါသည်။
  • (Customer တစ်ဦးလျှင် တစ်ခုထက်ပိုသော Application များရှိပါက လျှောက်ထားသောလျှောက်လွှာတိုင်းအတွက် Lucky Draw ပါဝင်ခွင့် တစ်စောင်စီ ခံစားခွင့်ရှိမည်ဖြစ်သည်။)

How long is 0% Interest Smart Deal Campaign period?

  • Campaign ကာလမှာ စုစုပေါင်း ၆လကြာပြီး (၁၀.၂.၂၀၂၆) မှ (၁၀.၈.၂၀၂၆) အထိ ဖြစ်ပါသည်။