How to get (or) convert to eSIM
How to Convert
- မိမိ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (Passport)ကိုယူဆောင်၍ မိမိအသုံးပြုသော SIM Card အလျှောက် သက်ဆိုင်ရာ MPT/ U9/ Atom ရုံးခွဲများသို့ သွားပါ။
- eSIM အဖြစ် ပြောင်းလဲလိုကြောင်း ပြောပါ။
- အချက်အလက်စစ်ဆေးရန်အတွက် မှတ်ပုံတင်/Passport ပြသပါ။
- ဆိုင်မှ eSIM အတွက် QR Code တစ်ခု ထုတ်ပေးပါမည်။
-
ဖုန်းထဲတွင် QR Code ကို Scan ဖတ်၍ ထည့်သွင်းပါ
- iPhone: Settings → Cellular → Add eSIM
- Android: Settings → Connection → SIM Manager → Add eSIM
eSIM လျှောက်ရာတွင် သိထားသင့်သောအချက်များ
- မှတ်ပုံတင် SIM ကတ် မှတ်ပုံတင်ရန်အတွက် မူရင်းမှတ်ပုံတင် သို့မဟုတ် Passport မဖြစ်မနေ ယူဆောင်သွားပါ။
- SIM အဟောင်း eSIM သို့ ပြောင်းပြီးပါက မူလ SIM ကတ်အဟောင်းသည် အလိုအလျောက် ပျက်သွားပါမည်။
- QR Code သိမ်းဆည်းရန် QR Code ကို သေချာသိမ်းထားရန် လိုအပ်ပါသည်။ ဖုန်းလဲသည့်အခါ သို့မဟုတ် ပြန်လည်ထည့်သွင်းလိုသည့်အခါတွင် လိုအပ်နိုင်ပါသည်။
- Internet eSIM အသက်သွင်းချိန်တွင် ဖုန်း Wi-Fi သို့မဟုတ် အင်တာနက် ချိတ်ဆက်ထားရန် လိုအပ်ပါသည်။
- စစ်ဆေးရန် မိမိဖုန်းသည် eSIM Support လုပ်/မလုပ် သိရှိရန် *#06# ကိုနှိပ်၍ EID Number ပါ/မပါ စစ်ဆေးနိုင်ပါသည်။
