Email ထဲမှာ Link တွေတွဲပို့ချင်တဲ့အခါ သူများနဲ့မတူအောင် ဒီလိုလေး တွဲထည့်လို့ရပါတယ်။
iOS 17 နဲ့အထက် iPhone တွေမှာ Email ပို့တဲ့အခါ တွဲထည့်ချင်တဲ့ Link တွေကို Email စာသားထဲမှာ Highlight အနေနဲ့ အတိုချုပ်ပြီး ထည့်ရမှာပါ။
Email စာသားကို Highlight လုပ်ပြီး Link တွေ ထည့်တော့မယ်ဆိုရင် -
Step 1 - အရင်ဆုံး ကိုယ် Attached လုပ်ချင်တဲ့ ဝက်ဆိုက်လင့်ခ် ကို ကူးထားပေးပါ။
Step 2 - Note ထဲမှာ Email ပို့မယ့်စာကို ရေးပြီးရင်တော့ ကိုယ် Highlight လုပ်ချင်တဲ့ စာသားကို Select လုပ်ပြီး Add Link ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။
Step 3 - Box လေးပေါ်လာရင်တော့ ကိုယ်ခုနက ကူးထားတဲ့ Link ကို Paste ပြီး Done နှိပ်လိုက်ရုံပါပဲ။
Step 4 - ဒါဆိုရင်တော့ ဒီစာလေးကို ကူးပြီး Email ပို့တဲ့အခါ Link လေးပါ တခါတည်း တွဲရက်ပါသွားမှာပဲဖြစ်ပါတယ်။
ဒီနည်းလမ်းလေးက Email အပြင် Telegram မှာပါ သုံးလို့ရတာမို့လို့ Google Drive တို့လို့ Link အရှည်ကြီးတွေကို တိုတိုတုတ်တုတ်နဲ့ ပို့ချင်တဲ့အခါ အရမ်းအဆင်ပြေမယ့် Feature လေးတခုပါပဲ။
အပေါ်မှာဖော်ပြထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ပြီးမှ အဆင်မပြေတာ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူလိုပါက Xtra Support Desk ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 
 
  




 Shop & Earn Points
Shop & Earn Points

