Subscribe and get updated information!
Expected Duties and Responsibilities
Job Description
အရောင်းအဖွဲ့ကို ဉီးဆောင်ခြင်း (Leading the Sales Team)
- အရောင်းအဖွဲ့ကို ဉီးဆောင်ပြီး ရောင်းအားမြှင့်တင်ခြင်း အစီအစဉ်များဆောင်ရွက်ရန်။
- အဖွဲ့ဝင်များအား လိုအပ်သော Training များ၊ လေ့ကျင့်မှုများ ပေးရန်။
- ဖုန်းဆိုင်၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ်ရန်နှင့် စီမံခန့်ခွဲရန်။
- ဝန်ထမ်းများအား လုပ်ငန်းတာဝန်များ ခွဲဝေပေးပြီး လုပ်ငန်းခွင်အတွင်း ညှိနှိုင်းဆောင်ရွက်ရန်။
ရောင်းအား (Sales Performance)
- မိမိ Target ပြည့်မှီအောင် လုပ်ဆောင်ရန်၊ အခြား Sales Representative နှင့် Senior Sales Representative များ၏ Target ပြည့်မှီအောင် ကူညီထောက်ပံ့ရန်။
- Customer များအား ထိရောက်သော Product နှင့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ဖို့အတွက် ကူညီပံ့ပိုးရန်။
ဆက်ဆံရေး(Customer Relationship)
- Customer များနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်။
- Customer များ၏ လိုအပ်ချက်များကို နားလည်ပြီး ဖြေရှင်းပေးရန်။
- ဝန်ဆောင်မှုများကို မြှင့်တင်ခြင်းဖြင့် Customer များ၏ စိတ်ကျေနပ်မှုကို ရရှိအောင် ဆောင်ရွက်ရန်။
- Customer များ၏ လိုအပ်ချက်များကို နားလည်ပြီး သင့်လျော်သော Product များ ညွှန်ကြားပေးရန်။
ပူးပေါင်းဆောင်ရွက်မှု (Collaboration)
- Sales Team နှင့်သာမက အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- Product Knowledge နှင့် ဝန်ဆောင်မှုအချက်အလက်များ မိမိ Team နှင့် ချိတ်ဆက်ဆောင်ရွက်ရန်။
- Event ပွဲများ၊ Promotion များ၊ Special Client များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရန်။
- ကုမ္ပဏီ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံနှုန်းများအတိုင်း ကျင့်သုံးလိုက်နာရန်။
- အခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
- Team ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည်။
- စာရင်းစီမံခန့်ခွဲမှု ဆော့ဖ်ဝဲလ် လုပ်ဆောင်ခြင်းအား စစ်ဆေးဆောင်ရွက်ခြင်း။ (ထုတ်ကုန်၊ ဘရန်း လွှဲပြောင်းခြင်း၊ bin location လွှဲပြောင်းခြင်း)
- External Sales Channel Process များ အချိန်မှီပြီးစီးအောင် ဆောင်ရွက်ရန်။
ပြသာနာဖြေရှင်းခြင်း (Problem Solving)
- အရောင်းလုပ်ငန်းဆိုင်ရာ ပြသာနာများ ဖြေရှင်းရန်။
- Customer များ၏ မေးမြန်းချက်များ၊ တိုင်ကြားချက်များနှင့် လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်။
- Customer များ၏ System ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန်။
အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း (Team Performance Improvement)
- အဖွဲ့ဝင်များအတွက် သင်တန်းပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်ရန်။
- တစ်ဦးချင်းနှင့် အဖွဲ့လိုက် ရောင်းအားများကို သတ်မှတ်ပြီး စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲဖြတ်ရန်။
- အဓိကစွမ်းဆောင်ရည်ညွှန်းကိန်းများ (KPIs) ကို စောင့်ကြည့်ပြီး လိုအပ်ပါက ပြင်ဆင်မှုများ ပြုလုပ်ရန်။
အစီရင်ခံ တင်ပြမှု (Reporting)
- ပုံမှန်ရောင်းအား အစီရင်ံခံစာများကို ပြင်ဆင်ပြီး ဆိုင်တာဝန်ခံ Supervisor အား Weekly & Monthly တင်ပြရန်။
အခြား (Other)
- လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးစေခိုင်းသော ညွှန်ကြားချက်များအား လုပ်ဆောင်ရမည်။
- အခါအားလျော်စွာ ကုမ္ပဏီအတွင်းမှ ထုတ်ပြန်ထားသော စည််းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်။
Job Specification
- ဘွဲ့ရ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး (ကျောင်းကိစ္စကင်းရှင်းသူ) ဖြစ်ရမည်။
- သက်ဆိုင်ရာနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၁)နှစ်အထက်ရှိသူဖြစ်ရမည်။ (Apple Products Knowledge ရှိသူ ဉီးစားပေးမည်။)
- Communication နှင့် Teamwork Skills ကောင်းမွန်ရမည်။
- မည်သည့်ဆိုင်ခွဲတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
- ပြေပြစ်သပ်ရပ်သောရုပ်ရည်ရှိပြီး၊ ကြင်နာပျူငှာသောအသွင်အပြင်နှင့် သင့်တင့်မှုရှိသူဖြစ်ရမည်။