Subscribe and get updated information!
Expected Duties and Responsibilities
Job Description
- လစဉ်၊ အပတ်စဉ် (သို့မဟုတ်) နေ့စဉ် Content များကိုပြင်ဆင်ပေးနိုင်ရမည်။
- Social Media Platform များအတွက် Content များရေးသားခြင်း၊ Content Calendar ရေးဆွဲခြင်း၊ အချိန်မီ ပို့စ်တင်ပေးခြင်းများ ပြုလုပ်နိုင်ရမည်။
- အခြေအနေ၊ အချိန်အခါနှင့် Latest Trend များပေါ်မူတည်၍ Content / Campaign Idea စဥ်းစားနိုင်ရမည်။
- Content အပေါ်မူတည်၍ Design Guideline ပေးနိုင်ရမည်။
- Video များအတွက် Content Idea/ Script ထောက်ပံ့ပေးနိုင်ရမည်။
- Campaign များအတွက် Headline / Tagline ရေးသားနိုင်ရမည်။
- Product များအတွက် လိုအပ်သည့် Product Photo ရိုက်ကူးခြင်းတွင် လိုအပ်သလို ပါဝင်နိုင်ရမည်။
- Video / Design ဓါတ်ပုံတွေကို လိုအပ်သလို စစ်ဆေးပြင်ဆင်နိုင်ရမည်။
- အခြားကုမ္ပဏီအတွက် ရေးသားရန်လိုအပ်သော သတင်းထုတ်ပြန်ချက်၊ ကြေညာချက် အစရှိသည်များကိုလည်းဖန်တီးရေးသားပေးနိုင်ရမည်။
- ဘလော့ဂ်များ၊ ဆောင်းပါးများ၊ ထုတ်ကုန်ဖော်ပြချက်များ၊ ဆိုရှယ်မီဒီယာနှင့် ကုမ္ပဏီ ဝဘ်ဆိုဒ် များအတွက်လိုအပ်သော Content များကိုရေးသားပေးနိုင်ရမည်။
- Offline အတွက် Price List၊ Display Board များ၊ Pamphlet များအတွက် Content နှင့် Tagline များ လိုအပ်ပါက ရေးသားပေးနိုင်ရမည်။
- ကုမ္ပဏီ၏ လူမှုကွန်ယက်စာမျက်နှာများပေါ်ရှိ Customer များ၏ တုံ့ပြန်ချက်များကို လိုအပ်လာပါက အကြောင်းပြန်ပေးခြင်းမျိုးကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိရမည်။
- ကုမ္ပဏီ၏လိုအပ်ချက်ပေါ်မူတည်ပြီး Content Calendar များ၊ Video Content အတွက် Script များစသည်တို့ကိုလည်း ပြင်ဆင်မွမ်းမံရေးသားပေးနိုင်ရမည်။
- Manager မှ ပေးအပ်ထားသော Content plan များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။
- Manager ၏ Feedback များ၊ တောင်းဆိုချက်များကို လိုက်နာနိုင်ရမည်။
- လုပ်ငန်းလိုအပ်ချက်အရ Company မှ သုံးစွဲခွင့်ပြုထားသောပစ္စည်း ကိရိယာများကို ထိန်းသိမ်း အသုံးပြုနိုင်ရမည်။
- မိမိ အလုပ်ခွင်ကို သန့်ရှင်းသပ်ရပ်စွာထားရှိိနေထိုင်နိုင်ရမည်။
- ဖန်တီးနိုင်မှုစွမ်းရည်ကိုမြင့်တက်အောင်ကြိုးစားဆောင်ရွက်နိုင်ရမည်။
- အသင်းအဖွဲနှင့်ပူးပေါင်းဆောင်ရွက်တတ်ရမည်။
- Senior Content Writer ၏တုံပြန်မှုကိုမှတ်သားပြီး စာရေးသားမှုစွမ်းရည်ကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်နိုင်ရမည်။
Job Specification
- ဘွဲ့ရ (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
- ကွန်ပျူတာကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
- Creative Content Writing နှင့်ပတ်သက်ပြီး လုပ်သက်အတွေ့အကြုံရှိရမည်။
- ကွန်ပျူတာ ဆော့ဝဲလ်နှင့် Website, Social Media Tools စသည်တို့နှင့်သက်ဆိုင်သည်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
- Digital Marketing နှင့်သက်ဆိုင်သော အသိပညာဗဟုသုတများကိုသိရှိထားပြီး အချိန်နှင့်အမျှပြောင်းလဲလျက်ရှိသော Social Media Channel အမျိုးမျိုးတို့၏ Rules & Policy များကိုနားလည်နိုင်ရမည်။
- စာအရေးအသားကို ချောမွတ်ပြေပြစ်စွာ ရေးသားနိုင်ရမည်။
- စာလုံးပေါင်းသတ်ပုံနှင့် သဒ္ဒါမှန်ကန်စွာ ရေးသားနိုင်ရမည်။
- ကုမ္ပဏီမှသတ်မှတ်ထားသော KPI ပြည့်မီအောင် ရေးသားပေးနိုင်ရမည်။
- လိုအပ်ပါက မှီငြမ်းရေးသားသည်ကို ခွင့်ပြုသော်လည်း တိုက်ရိုက်ကူးချရေးသားခြင်းမျိုးမဖြစ်စေရန် ရှောင်ရှားနိုင်ရမည်။
- သစ်ဆန်းပြီး ခေတ်နှင့်လျော်ညီသော ရေးသားမှုများကိုလည်း ဖန်တီးနိုင်ရမည်။
- ကုမ္ပဏီအပေါ်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်နိုင်သောစာအရေးအသားများကို ရှောင်ရှားရမည်။